??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, October 4, 2015

ကိုယ့်ပေါ်မကောင်းတဲ့ချစ်သူနဲ့ပြတ်စဲနိုင်စေဖို့နည်းလမ်း

ကိုယ့်အပေါ်မကောင်းတော့တဲ့ ဘယ်လိုမှအဆင်မပြေတော့တဲ့ အချစ်ရေးတစ်ခုကို အဆုံးသတ်နိုင်မယ့် နည်းလမ်းအစီအရင်လေးတစ်ခုကိုဖော်ပြပေးပါ့မယ်။ ကိုယ့်အပေါ်ကို တကယ်မကောင်းသူ ချစ်သူရှိသူများသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအစီအရင်လုပ်ဖို့အတွက် အနက်ရောင်စက္ကူလိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်မွေးနေ့မှာ အနက်ရောင်စက္ကူပေါ်မှာ သင့်တော်ရာမင်နဲ့ အောက်ပါသင်္ကေတသုံးခုကိုဘေးချင်းယှဉ်၍ရေးဆွဲလိုက်ပါ။





အဲ့ဒီသင်္ကေတတွေကို ရေးပြီးနောက်မှာ သင်္ကေတသုံးခုရဲ့အောက်မှာ ငါးထောင့်ကြယ်ကိုရေးဆွဲပါ။ ဒီသင်္ကေတများဟာ ပလူတို၊ လ နဲ့ စေတန်ရဲ့ သင်္ကေတများပင်ဖြစ်ကြပါတယ်။ အဲ့ဒီလိုရေးဆွဲပြီးနောက်မှာတော့ အောက်ဆုံးက ငါးထောင့်ကြယ်ရဲ့ ဘယ်ဘက်မှာ ကိုယ့်နာမည်ရေးပြီး ညာဘက်မှာ သူ့နာမည်ကိုရေးပါ။ အဲ့ဒီလိုရေးပြီး စာရွက်ကို ဖယောင်းတိုင်မီးမှာ မီးရှို့လိုက်ပြီးနောက် စာရွက်တောက်လောင်နေစဉ်မှာ -
 "နင်နဲ့ငါနဲ့ပြတ်ပြီ" လို့ တိုးသက်စွာရွတ်ဆိုပေးရမှာပါ။
                       အဲ့ဒီလိုရွတ်ဆိုပြီးနောက် စာရွက်ပိုင်းကကျတဲ့ပြာကိုသိမ်းထားကာ နောက်နေ့ ကိုယ်ပြတ်စဲလိုတဲ့ချစ်သူနဲ့တွေ့တဲ့အခါ ကိုယ့်ဆီမှာလည်းတို့သွားကာ သူမသိအောင် သူ့ကိုလည်းတို့လိုက်ပါ။ မကြာမီပြတ်စဲသွားပါလိမ့်မယ်။

No comments :

Post a Comment