ကလေးတချို့ဟာ သူတို့ငယ်စဉ်ဘဝကတည်းက မှော်ပညာနဲ့မစိမ်းကြဘူးဆိုရင် ယုံကြမလားတော့မသိ . . . .။ ဒီတော့ ကလေးတွေ မှော်ပညာမှန်း၊ ဂမ္ဘီရပညာမှန်းမသိဘဲသုံးနေကြတဲ့ ကလေးတို့ရဲ့နည်းလမ်းလေးတွေကို လက်လှမ်းမီသလောက်ဖော်ပြပေးချင်ပါတယ် . .။
ခုပထမဆုံးဖော်ပြပေးချင်တာကတော့ ကလေးတွေ ဂုံညင်းပစ်ရင်(ပေသီးပစ်ရင်)သုံးကြတဲ့နည်းလေးပါ။ ကဲ . . ဒီနည်းလေးကိုတော့ ကိုယ့်တူတွေတူမတွေ သားသမီးတွေ၊ ညီလေးညီမလေးတွေ မျှဝေနိုင်ဖို့ ခုပဲဖော်ပြပေးလိုက်ပါပြီ။
ကိုယ်ရှုံးချင်တဲ့သူ ပစ်ရတဲ့အလှည့်မှာ သူပစ်နေချိန် သူမှန်အောင်ပစ်ရမယ့် ပေသီး(ဂုံညင်း)ကို လက်ညှိုးနဲ့ဝှေ့ယမ်းစွာထိုးလိုက်ပြီး "ကချေသည် . ကချေသည် . မမှန်ပါစေနဲ့" လို့ရွတ်ပေးရင် သူချိန်ထားတဲ့အရာကိုမမှန်နိုင်တော့ပါဘူးတဲ့။
ကဲ . .မယုံရင် ကလေးတွေနဲ့အတူကစားပြီး စမ်းကြည့်ကြပေါ့ဗျာ။ နည်းလမ်းလေးကလည်း လူတိုင်းလုပ်ရအဆင်ပြေနိုင်ပါတယ်။
Sunday, October 4, 2015
ကလေးမှော်
Labels:
မှော်ပညာ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment