??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Saturday, October 3, 2015

ကိုယ်ခံမှော်ကောင်းအောင်လုပ်နည်း

အထက်လမ်း၊အောက်လမ်းမှော်ပညာလိုက်စားသူတွေဟာ အချင်းချင်းပညာပြိုင်ခြင်းကိုပြုလုပ်တတ်ပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ကိုယ့်ကို သူ့ပညာတွေနဲ့ မကောင်းကြံလာခဲ့ရင် ကိုယ့်မှာရှိတဲ့ ကိုယ်ခံမှော်ကောင်းရင်ကောင်းသလောက် သူပြုစားသမျှအရာမထင်တတ်ပါဘူး။ ဒီတော့ ကိုယ်ခံမှော်ကောင်းအောင်လုပ်ရမယ့်နည်းကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ခံကောင်းအောင်လေ့ကျင့်တော့မယ့်သူဟာ သိမ်ဝင်ပြီး သီလဆောက်တည်ရပါမယ်။ သီလဆောက်တည်ပြီးပြီဆိုရင်တော့ "ယံဒုံဧဒါသ" ဆိုတဲ့မန္တန်နဲ့ ပုတီး(၂၇)ပတ်စိပ်ပေးရမှာဖြစ်ပါတယ်။ အဲလိုစိပ်ပြီးရင် "နမောဗုဒ္ဓဿ"(၉)ပတ်၊ "နမောဓမ္မဿ"(၉)ပတ်၊"နမောသံဃဿ"(၉)ပတ်စိပ်ပေးရမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ အဲ့ဒီပုတီးကို ညအိပ်ခါနီးတိုင်းမှာ လည်ပင်းစွပ်အိပ်ပါ။ ကိုယ်ခံမှော်အရမ်းကောင်းနိုင်ပါတယ်။ 
        တစ်ခုကြိုမှာထားချင်တာကတော့ အဆိုပါပုတီးကို ယုတ်ညံ့သောနေရာများမှယူသွားခြင်းမပြုဖို့ကိုပါပဲ။ 

No comments :

Post a Comment