??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Thursday, October 1, 2015

လေပေါ်ပျံဝဲနေတဲ့ မှော်ဝင်ဓာတ်လုံးတစ်ခု လက်တွေ့ဖန်တီးကြည့်ကြရအောင်

သင့်ကိုယ်သင် မှော်ဆရာတစ်ယောက်အဖြစ် လူအများရှေ့မှာ ၀င့်ကြွားလိုပါသလား။ ဒီနည်းလေးကို သုံးကြည့်ကြပါ။ ဒီနည်းလေးကတော့ အ၀ါရောင်လင်းလက်တောက်ပနေတဲ့ ဓာတ်လုံးတစ်လုံးကို လေထဲမှာဝဲပျံနေအောင်ဖန်တီးတဲ့နည်းလေးပါ။ ဓါတုဗေဒနည်းတစ်နည်းလို့လည်းဆိုနိုင်ပါတယ်။ နောက်ပြီး ရှာရလွယ်တဲ့ ပစ္စည်းတွေပဲ လိုအပ်တာမို့ လိုက်လုပ်ကြည့်ကြဖို့မျှော်လင့်ပါတယ်ဗျာ . . .။
               လိုအပ်တဲ့ပစ္စည်းတွေကတော့ လူ့လက်သည်းခွံ- (၂၅)ကျပ်သား၊ ဆား(၅)ကျပ်သား၊ ဖယောင်းတိုင်တွင်ပါဝင်သည့် လောင်စာညှိတံ (၁၅) ကျပ်သား၊ ပိုတက်ဆီယမ် (၂.၅)ကျပ်သား၊ စတာတွေပဲဖြစ်ပါတယ်။
-ပထမအဆင့်အနေနဲ့ ပန်းကန်ပြားတစ်ပြားရဲ့အောက်ခြေမှာ ဖယောင်းတိုင်မှာပါတဲ့ လောင်စာညှိတံ (၁၅)ကျပ်သားကိုအရင်ထည့်ပါ ။
-နောက်မှာတော့ လူ့လက်သည်းခွံ(၂၅)ကျပ်သား၊ ဆား(၅)ကျပ်သား၊ ပိုတက်ဆီယမ်(၂.၅)ကျပ်သားကို ဆက်လက်ထည့်ပါ။
-နောက်မှာတော့ ထိုပန်းကန်ပြားမှာပါတဲ့အရာအားလုံးမွေ သမသွားအောင် (သန့်ရှင်းသောလက်အိတ်ဖြင့်)မွေပါ။
-ထို့နောက် ပန်းကန်ပြားထဲတွင် ဓာတ်ဆီအနည်းငယ်ထည့်၍ မီးရှို့လိုက်ပါက ထိုပန်းကန်ပြားထဲမှ တောက်ပတဲ့ဖန်လုံးကြီးထွက်ပေါ်လာပြီး လေထဲမှာပျံဝဲသွားပါလိမ့်မယ်။
               ဒီနေရာမှာကျွန်တော် တစ်ခုသတိပေးလိုတာကတော့ သစ်ပင်တွေ၊အိမ်တွေရှိတဲ့နေရာမှာမလုပ်ကြဖို့နဲ့ လုပ်ရင် အဆိုပါဓာတ်လုံးနဲ့ ထိမိသမျှမီးလောင်နိုင်ပါကြောင်း ကြိုတင်သတိပေးအပ်ပါတယ်။
     
စာမှီး - ဓာတုဗေဒထဲကပျှော်စရာများ

1 comment :