??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Thursday, October 1, 2015

မြွေနတ်​ဘရားပူ​ဇော်​၍အချစ်​​ရေးမှာကံ​ကောင်း​စေနည်း

အရင်ကမှော်နည်းလမ်း အပျော့လေးတွေကို ဖော်ပြခဲ့ပေမယ့် အခုဖော်ပြမယ့်နည်းလမ်းက နည်းနည်းတော့ ကြမ်းပါမယ်။ ဒါကြောင့်မို့လို့ ဒီနည်းလမ်းကို တကယ်အရမ်းအချစ်ရေးမှာ အခက်အခဲတွေ့နေတဲ့ နောက်ဆုံးကြံရာမရဖြစ်သောအဆင့်သို့ရောက်မှသာ အသုံးချကြဖို့အတွက်ကိုလည်း အကြံပေးအပ်ပါတယ်။
                     ပထမဆုံးအနေနဲ့ သောကြာနေ့ မိမိနှစ်သက်ရာအချိန် လူသူရှင်း၍ တိတ်ဆိတ်ငြိမ်သက်သောနေရာမှာ စားပွဲအလွတ်တစ်လုံးကိုချလိုက်ပြီး စားပွဲရဲ့အလယ်တည့်တည့်မှာ ဖန်ခွက်အလွတ်တစ်လုံးကိုတင်ထားပါ။ ဖန်ခွက်ရဲ့ညာဘက်မှာ နွားနို့ခွက်ကိုတင်ပြီး ဘယ်ဘက်မှာ အမွေးတိုင်ကိုထားကာ ဖန်ခွက်အလွတ်ထဲကိုတော့ မိမိရဲ့ လက်ခလယ်လက်ချောင်းထိပ်က သွေးစက်အနည်းငယ်ကို ဖောက်ထည့်လိုက်ပါ။ သွေးစက်ထည့်ထားသော ဖန်ခွက်၊
 နွားနို့ခွက်နျှင့် အမွေးတိုင်များအားလုံးအဆင်သင့်ဖြစ်ပါက ထိုစားပွဲရှေ့တည့်တည့်တွင်ရပ်ကာ ညာဘက်လက်က ဘယ်ဘက်ရင်အစုံကို ဆုပ်ကိုင်ထားသောပုံစံဖြင့်တိုင်တည်ရမှာပါ။ မတိုင်တည်ခင်မှာတော့ အရင်ဆုံး-
"မြွေဖြူအရှင်မကိုတိုင်တည်ပါတယ်.... မြွေဖြူအရှင်မကို ကျွန်ုပ်(-----)နှစ့် ကျွန်ုပ်ချစ်သူ(------)တို့ဟာ စစ်မှန်တဲ့အချစ်နဲ့ချစ်ကြကြောင်းကို သစ္စာဆိုလိုက်ရပါတယ်"
                         လို့အရင်ဆုံးသစ္စာဆိုကြပါ..။ သစ္စာဆိုပြီးနောက်မှာတော့ ကိုယ်လက်ရှိကြုံတွေ့နေရတဲ့ အချစ်ဆိုင်ရာအခက်အခဲတွေ၊ ဘယ်သူတွေကြောင့် ကိုယ့်ချစ်သူနဲ့ကွဲနေရတယ်ဆိုတဲ့အကြောင်းအရာတွေ ... ဘယ်လိုဖြစ်မှ ကိုယ့်ချစ်သူနဲ့အချစ်ရေးကိစ္စအဆင်ပြေနိုင်မှာလဲ ...စတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောကြားပေးပါ။ အဲ့ဒီလိုပြောကြားပြီးနောက်မှာတော့ နေရာမှပဲ လေချွန်သံနဲ့ညင်သာစွာအသံပြုလိုက်ကာ ရင်ဖွင့်ပြောကြားခြင်းကို အဆုံးသတ်ပေးပါ။
                     နွားနို့၊ သွေးခွက်နှင့်ဖယောင်းတိုင်တို့ကို စားပွဲပေါ်မှာတင်(၃)နာရီခန့်ဆက်လက်တင်ထားကာ (၃)နာရီကြာပြီးနောက်မှာတော့ နွားနို့နဲ့သွေးများကို လူမသိသူမသိနေရာတစ်နေရာမှာ "မြွေဖြူနတ်ဘုရားမအတွက်"လို့ ရည်စူးပြောကြားကာ မြေကြီးပေါ်သွန်ချပစ်လိုက်ပါ။ အဲ့ဒီလို သွန်နေတဲ့အချိန်မှာလည်း -
"မြွေနတ်ဘုရားမရဲ့အချစ်တွေလည်တည်တံ့နေပါစေ...။" လို့ဆုတောင်းပေးနေရပါမယ်။ အဲ့ဒီလိုဆုတောင်းပြီးနောက်မှာတော့ အစီအရင်ပြီးပြီဖြစ်ပြီး မကြာမီလပိုင်းအတွင်းမှာ သင့်ချစ်သူနဲ့ သင်တို့ရဲ့အချစ်ရေးဟာ အရင်ကလိုပဲ ပြန်လည်စိုပြေလာမှာဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

No comments :

Post a Comment