မင်္ဂလာပါ
မရေးချင်သော အကြောင်းအရာ မသင်ချင်သောအကြောင်းအရာကို ရေးပေး သင်ပေးရတော့မှာပါလား…. အခြားတော့ မဟုတ်ပါဘူး။ ဒီနေ့ မိတ်ဆွေ တစ်ယောက်က Message ပို့ထားတာကို ဖတ်ရတယ်။ သူ့ရည်းစားက ပစ်သွားလို့တဲ့ ပြန်လာအောင် လုပ်တဲ့နည်း သိချင်ပါသတဲ့။
အမှန်အတိုင်းပြောရရင် ရည်းစားပြန်လာအောင် လုပ်တဲ့နည်းတွေက အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ တစ်ခုမှ မလုပ်ဖူးဘူး။ မလုပ်ဖူးဘူး ဆိုတာထက် လုပ်ချင်စိတ်လည်း မရှိတာဆို ပိုမှန်ပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုကတည်းက လမ်းခွဲဖို့ မဟုတ်ဘူး။ လမ်းခွဲသွားတယ်ဆိုတော့လည်း ဒါဟာ တကယ်ချစ်လို့ မဟုတ်ဘူး။ အချစ်နဲ့ ပတ်သက်လို့ သိပ်အများကြီး မပြောချင်ဘူး။
တော်ပြီ တော်ပြီ.. ရှည်ရှည်ဝေးဝေး မပြောချင်တော့ဘူး မပြောဘူး။ လို တို ရှင်းပဲ ပြောတော့မယ်။ အစကတော့ ဒီစာကို ရှည်လျားထွေပြားစွာ အချစ်ရဲ့ အဓိပ္ပာယ်တွေ ဘာတွေ ညာတွေနဲ့ ဋီကာချဲ့ပြီး ရေးဖို့ စိတ်ကူးရှိသေးတယ်။ ခုတော့ လိုအပ်တာပဲ ရေးတော့မယ်။
ဖယောင်းတိုင်ရဲ့ မီးစာထဲကို အပ်တစ်ချောင်းထိုးစိုက်လိုက်ပါ။ ဖယောင်းတိုင်ထွန်းလိုက်ပါ။ စိတ်အာရုံစူးစိုက်ပြီး ဒီဂါထာကို ရွတ်ပါ။
"Needle in the flame,
Needle of fire,
Pierce his thoughts.
Make him writhe, agonize,
Till his heart turns back to me."
ပြီးပြီ။ ဒါပဲ လွယ်လွယ်လေး။ အခုပဲ စမ်းကြည့်လိုက်တော့။ စွမ်း/မစွမ်းကတော့ ကိုယ်တိုင်ပဲ လုပ်ကြည့်လိုက်တော့။
Thursday, October 1, 2015
ချစ်သူပြန်လာစေ
Labels:
ရှန်တီမှော်ကျောင်း
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment