ဆယ်ကျော်သက်လူငယ်များ အချစ်ရေး၊ စီးပွားရေး၊ လူမှုရေးကံဆိုးနေသလား။ ဒီနည်းလေးနဲ့စမ်းကြည့်နိုင်ပါတယ်။ အရမ်းပဲလွယ်ကူရိုးရှင်းကာ သင့်ရဲ့ဂါထာရွတ်လိုက်တဲ့ စာသားကနေတစ်ဆင့် သင့်ဆီကို လန်းဆန်းသစ်လွင်တဲ့၊ ဘဝကိုတောင်ပြောင်းလဲစေနိုင်လောက်တဲ့ ကံကောင်းခြင်းတွေယူဆောင်လာနိုင်ပါလိမ့်မယ်။ ကံကောင်းဖို့အတွက်၊ ကံတရားနဲ့ဘဝကိုပြောင်းလဲဖို့အတွက် ဘာအဆောင်မှမလိုပါဘူး။ ဘယ်လိုယတြာမှမလိုပါဘူး။ လွယ်ကူရိုးရှင်းသလောက် အစွမ်းထက်တဲ့နည်းလေးဖြစ်ပြီး အသက်(၁၃)နှစ်မှ (၂၃)နှစ်အတွင်း အသုံးပြုခွင့်ရှိပါတယ်။
နည်းလမ်းက အရမ်းရိုးရှင်းပါတယ်။ အလီဘာဘာကားထဲမှာ "အိုးပင်း စစ်စမီ" လို့ရွတ်လို့ တံခါးကြီးအလိုလိုပွင့်သွားသလိုမျိုး ဒီစာသားအချို့ကလည်း သင့်ရဲ့ကံတံခါးကိုဖွင့်ပေးနိုင်စေမှာပါ။ ရွတ်ဆိုရမှာကတစ်ကြောင်းတည်းပါ။ အနောက်တိုင်းမန္တန်လည်းမဟုတ်ပါဘူး။ အရင်က အစွမ်းထက်နည်းတွေ အများကြီးပေးခဲ့ပြီဖြစ်တဲ့ "မိုင်ယန်လချင်းမန္တန်"ပါ။ အဓိပ္ပာယ်ကတော့ "ဘာဇိုရာ့ထံမှကံကောင်းခြင်းစွမ်းအားရယူပါ" ဖြစ်ပြီး ဘာဇိုရာဟာ လူငယ်များရဲ့ ကိစ္စအဝဝကို စောင့်ရှောက်ရတဲ့နတ်သူငယ်တစ်ပါးဖြစ်ပြီး အဓိကအားဖြင့် လူငယ်လိင်တူလိင်ကွဲချစ်သူများရဲ့ အချစ်ရေးကိုစွမ်းဆောင်နိုင်သူဖြစ်ပါတယ်။ ဒါကြောင့် လူငယ်များအနေနဲ့ အချိန်ရတိုင်း -
"ဘာဇိုရော် အင်နိဟတ်"
ဆိုတဲ့ စာသားလေးကိုအမြဲတမ်းရွတ်ပေးနိုင်ပါတယ်။ ဘာဇိုရာ အင်နိဟတ်မဟုတ်ပါဘူးနော်။ သေချာပြန်ပြောပါ့မယ့် "ဘာဇိုရော်အင်နိဟတ်"ပါ။
ဒီပို့စ်ကိုမြင်လို့ ငြိမ်မနေကြပါနဲ့နော်။ ချက်ချင်းပဲထရွတ်လိုက်ပါ။ အချိန်ရတိုင်းလည်းရွတ်ပေးနေပါ။ သင်သာ (၁၃)နှစ်ကနေ(၂၃)နှစ်အတွင်းလူငယ်တစ်ဦးဆိုရင် သင့်အတွက်ကံကောင်းခြင်းတွေစောင့်မျှော်နေပါလိမ့်မယ်။
Monday, October 5, 2015
ဆယ်ကျော်သက်လူငယ်များအတွက် မှော်ပညာရဲ့ကံကောင်းခြင်းလက်ဆောင်မွန်
Labels:
မှော်ပညာ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment