အရေးကြီးကိစ္စ ခရီးဝေးသွားနေတဲ့အချိန်မှာ ဆီဆိုင်မရှိတဲ့နေရာ ဆီပြတ်သွားခဲ့ရင် တော်တော့်ကိုပဲ စိတ်ညစ်စရာပါ။ ဒီတော့ ဆီစားသက်သာစေပြီး ဆီနည်းနည်းနဲ့ ခရီးဝေးဝေးရောက်မယ့် နည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီနည်းကလည်း ယုံနိုင်စရာမရှိပေမယ့် ဖုန်းလိုင်းတက်တဲ့နည်းတုန်းကလိုပဲ တကယ်ပဲ အဆင်ပြေပြေ အလုပ်ဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ ဆီမပြတ်စေချင်ဘူးဆိုရင်တော့ ကိုယ်စီးနေတဲ့ ဆိုင်ကယ်၊ ကား ဒါမှမဟုတ် လောင်စာအသုံးပြုစက်ပစ္စည်းကို စီးရင်း ကောင်းကင်ကို မှော်တုတ်တံနဲ့ပဲဖြစ်ဖြစ် လက်ညှိုးနဲ့ပဲဖြစ်ဖြစ်ချိန်ကာ ညင်သာစွာဝှေ့ယမ်းရင်း -
"Protecto Lubrico"
(ပရိုတက်တို လူဘရီကို)
လို့ရွတ်ဆိုပေးပါ။ အဲ့ဒီလိုရွတ်ဆိုရင်း ညင်သာစွာဝှေ့ယမ်းပြီးနောက်မှာတော့ မိမိမှော်တုတ်တံ ဒါမှမဟုတ် လက်ညှိုးကို တဖြည်းဖြည်းချင်း လောင်စာတိုင်ကီရှိရာသို့ ညွှန်ပြပေးစေလိုက်ပါ။ အလွန်ဆီစားသက်သာစေတဲ့ လက်တွေ့အသုံးတည့်မယ့် မှော်နည်းလမ်းလေးပဲဖြစ်ပါတယ်။
လောင်စာသုံးယာဉ်တွေကိုပဲစမ်းသပ်ဖူးပေမယ့် လောင်စာသုံးတခြားစက်ပစ္စည်းတွေကို မစမ်းသပ်ရသေးတာကြောင့် စမ်းသပ်လို့အဆင်ပြေခဲ့ရင် ထုံးစံအတိုင်း အောက်မှာ commentလေးပေးခဲ့ပါဦးလို့ ပြောရင်းနဲ့ ကျွန်တော့်နာမည်နဲ့ ပို့အောက်မှာအဆုံးသတ်ရင်း ခဏနားဦးမယ်ဗျာ . . .။
Monday, October 5, 2015
ဆီစားသက်သာစေတဲ့မန္တန်
Labels:
မှော်ပညာ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment