??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Tuesday, September 8, 2015

Sun Outage အကြောင်းကိုလေ့လာကြည့်ခြင်း

What is Sun Outage?
            Sun Outage ဆိုတာကတော့ နေနဲ့ကမ္ဘာကြားဂြိုဟ်တုရောက်ရှိနေခြင်းကိုဆိုလိုပါတယ်။ များသောအားဖြင့် ဖေဖော်ဝါရီ/မတ်လတွေနဲ့ စက်တင်ဘာ/အောက်တိုဘာလတွေမှာ ဖြစ်ပွားတတ်ပါတယ်။

What Happen?
            Sun Outage ဖြစ်ပွားခဲ့မယ်ဆိုရင်တော့ အဲ့လိုဖြစ်တဲ့ဂြိုဟ်တုရဲ့ အချက်ပြစနစ်တွေနဲ့ လှိုင်းတိုပို့လွတ်မှုတွေဟာ အချိန်နှစ်ပတ်လောက်အလုပ်မလုပ်ဘဲဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ရုပ်သံလွင့်ဖို့အတွက်စီစဉ်ထားတဲ့ အသေးစားဂြိုဟ်တုလေးတွေမှာတော့ ယခုလိုဖြစ်တာဟာ မိနစ်ပိုင်းလောက်ပဲ ကြာပါတယ်။

Why Happen?
        အဲ့ဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုရင်တော့ နေရောင်ခြည်ရဲ့ပြင်းထန်တဲ့စက်ကွင်းအားဟာ ဂြိုဟ်တုရဲ့ Downlink Signal ရဲ့ခံနိုင်အားထက်ပိုမိုအားပြင်းနေပြီး ကမ္ဘာပေါ်ကပို့လွတ်လိုက်တဲ့အချက်အလက်တွေမရောက်ရှိနိုင်သလို ဂြိုဟ်တုက ပို့လွတ်လိုက်တဲ့အချက်အလက်ဟာလည်း ကမ္ဘာပေါ်ကို မရောက်ရှိနိုင်တော့ပါဘူး။ ဒီလိုဖြစ်ရပ်တွေဟာ အင်တာနက်လိုင်းကိုသက်ရောက်မှုမရှိနိုင်ဘဲ ရုပ်သံလိုင်း၊ ဖုန်းလိုင်းများ စသဖြင့် တို့ကိုသာသက်ရောက်နိုင်ကြောင်းကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

No comments :

Post a Comment