အချိန် . . .။ နှစ်လုံးတည်းနှင့်ကပ်ရှုပ်တဲ့အချိန်၊ ရှင်းမလိုနဲ့သိပ်ရှုပ်တဲ့အချိန်၊ ပဟေဠိပေါင်းများစွာနဲ့အချိန်၊ အချိန်ဆိုတာ စာလုံးလေးကနှစ်လုံးတည်းရှိပေမယ့် ကျွန်တော်တို့သာမာန် ဦးဏှောက်နဲ့ဆိုရင် အဆ၁သန်းပုံတစ်ပုံလောက်ပဲ လိုက်လို့မီနိုင်ကြမှာပါ။ ကျွန်တော်တို့အားလုံးက အချိန်ကို ၁ရက်မှာ ၂၃နာရီ၊၅၆မိနစ်၊၅၄စက္ကန့်၊ နေနှစ်တစ်နှစ်ကို ၃၆၅ရက်၊၅နာရီ၊၄၈မိနစ်နဲ့၄၈စက္ကန့်၊ လနှစ်ရဲ့လတစ်လကို ၂၉ရက်၊၁၂နာရီ၊ လနှစ်တစ်နှစ်ကို ၃၅၄ရက်လို့ပဲသိထားကြတာပါ။ တကယ်တော့ဒါဟာ အချိန်တွေမဟုတ်ပါဘူး။ သတ်မှတ်ချက်တစ်ခု၊ ပညတ်ချက်တစ်ခုသက်သက်သာဖြစ်ပါတယ်။ တကယ်တော့အဲဒီသတ်မှတ်ချက်တွေဟာ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်တစ်ခုတည်းနဲ့သာသက်ဆိုင်တာပါ။ ဒီစကြာဝဠာကြီးရဲ့ အချိန်ကိုတော့ ဘယ်သူမှမသတ်မှတ်နိုင်ကြသေးပါဘူး။ သေခြင်းကိုတားမြစ်လိုတဲ့ တချို့ပုဂ္ဂိုလ်တွေကတော့ အချိန်ကို ရပ်တန့်နိုင်ပြီဆိုရင် ဘယ်တော့မှမသေနိုင်တော့ဘူးလို့ ဆိုကြပါတယ်။ ပြဿနာက အချိန်ကိုရပ်တန့်နိုင်မယ့်နည်းလမ်းကို ဘယ်သူမှမသိကြသေးတာပဲ။ ဒါပေမယ့် အားလုံးသိကြတဲ့ ကမ္ဘာကျော်ကြီး Albert Einstein ဟာ အချိန်ကိုတားမြစ်တဲ့နည်း အပါအ၀င် ကာလယန္တရားစက် ဖော်မြူလာကို ဖော်ထုတ်ခဲ့ပါသေးတယ်။
အဲ့ဒီဖော်မြူလာကတော့ တကယ်လို့ ယာဉ်တစ်စီးဟာ အလင်းအလျှင်(၁စက္ကန့်လျှင် ၁၈၆၀၀၀မိုင်) နဲ့မောင်းနှင်နေမယ်ဆိုရင် အဲ့ဒီယာဉ်ပေါ်မှာရှိတဲ့အချိန်ဟာ ရပ်တန့်သွားမှာဖြစ်ပြီး အလင်းအလျှင်ထက်ပိုမို၍မောင်းနှင်မယ်ဆိုပါက ထိုယာဉ်ပေါ်ရှိအချိန်တွေဟာ အနုတ်သဘောဆောင်တဲ့ အချိန်အဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီး ဆိုလိုတာက အတိတိကာလသို့ရောက်ရှိသွားမည်ဖြစ်သည်။
အထက်ဖော်ပြပါ အချိန်တွေရဲ့အတိုင်းအတာတွေဟာ ကမ္ဘာဂြိုဟ်ရဲ့ အချိန်သတ်မှတ်မှုတွေဖြစ်ပြီး စကြာဝဠာဆိုင်ရာသတ်မှတ်မှုဟာ တစ်နှစ်ကို နေကိုဂြိုဟ်တစ်ပါတ်ပါတ်ချိန်၊ တစ်ရက်ကို ဂြိုဟ်ကိုယ်တိုင် တစ်ပါတ်လည်ချိန်ဖြစ်ပါတယ်။ အဆိုပါလေ့လာချက်များအရ ဂြိုဟ်သားတို့ရဲ့ သက်တမ်းဟာ ဂြိုဟ်ရဲ့ အရွယ်အစား၊ နေနဲ့ အနီးအဝေးနဲ့သက်ဆိုင်နေတာကို တွေ့ရပါတယ်။
ဒါကြောင့် အချိန်ဆိုတာ အလွန်နက်နဲလှတဲ့အရာဖြစ်ပြီး လူသားများရဲ့ သာမာန်ဥာဏ်နဲ့ လိုက်မမီနိုင်တဲ့ အရာတစ်ခုဖြစ်ကြောင်း ဗဟုသုတအဖြစ်တင်ပြလိုက်ရပါတယ်ခင်ဗျာ . . .
Tuesday, September 8, 2015
အိုင်းစတိုင်းနှင့် အချိန်၏ဆန်းကြယ်မှုများ
Labels:
Wizard (X) Files
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment