??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်း(၂)

ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းကနေပြီးတော့ ဒီတစ်ခေါက်ဖော်ပြပေးမယ့်အကြောင်းအရာကတော့ ဗုဒ္ဓဘာသာမှ နောက်ဘဝကူးပြောင်းခြင်းနှင့် သက်ဆိုင်သောအကြောင်းများပဲဖြစ်ပါတယ်။
                   နောက်ဘဝကူးပြောင်းခြင်းနဲ့ပတ်သတ်လာရင်တော့ လူအတော်များများက များသောအားဖြင့် မဟာယာနဗုဒ္ဓဘာသာဝင်များက လူတစ်ဦးဒါမှမဟုတ် ဘဝတစ်ခုပြီးရင် အဲ့ဒီသူရဲ့ရုပ်ထဲက ဝိဥာဉ်ထွက်လာတယ်။ အဲ့ဒီဝိဥာဉ်ကနေတစ်ဆင့် ယမမင်းဆီမှာ အဆုံးအဖြတ်ကိုခံယူတယ်။ နောက်ပြီးတော့ နောက်ဘဝကူးဖို့အတွက် ပြုလုပ်တယ်ပေါ့။ ဒါကို ထေရဝါဒဗုဒ္ဓဘာသာအယူအရကြည့်ရင်တော့ နာမ်တရားဟာ တည်မြဲတယ်လို့အယူရောက်တာကြောင့် ဒိဋ္ဌိတစ်မျိုးအနေနဲ့ မှတ်ယူနိုင်ပါတယ်။
              ထေရဝါဒ ဗုဒ္ဓဘာသာရဲ့အယူမှာတော့ ကျွန်တော်တို့လုပ်လိုက်တဲ့ကိစ္စတစ်ခု၊ အကုသိုလ်ဆိုအကုသိုလ်၊ ကုသိုလ်ဆိုရင်ကုသိုလ် အဲ့ဒီလိုကျွန်တော်တို့လုပ်ခဲ့တဲ့အရာတိုင်းဟာ လှိုင်းတစ်ခုအဖြစ်ခန္ဓာကိုယ်ကနေထွက်သွားပြီး နောက်ဘဝဖြစ်မယ့် ပဋိသန္ဓေနေရာကို သတင်းအချက်အလက်တွေဆက်တိုက်ပို့ဆောင်ပါတယ်။ ဒီအချက်အလက်တွေဟာ ပို့ဆောင်ပြီးသားအချက်အလက်တွေဖြစ်တာကြောင့် ကျွန်တော်တို့တတွေဟာ ပြုပြင်လို့လည်း မရနိုင်ပါဘူး။ ဒါကြောင့် ဝဋ်ဆိုတာ ဘယ်လိုမှဖျောက်ဖျက်မရဘဲလည်တတ်တယ်လို့ ပြောကြတာဖြစ်ပါတယ်။ ဒါပေမယ့် ငရဲကျမယ့်ကိစ္စလိုနေရာမျိုးကိုတော့ ကျွန်တော်တို့ ကုသိုလ်နဲ့ချေဖျက်လို့ရနိုင်ပါတယ်။

ဒါဆို ထေရဝါဒမှာဝိဥာဉ်အယူအဆမရှိဘူးလား?????
-ဒါမေးသင့်တဲ့မေးခွန်းပါ။ ထေရဝါဒဗုဒ္ဓဘာသာမှာ ဝိဥာဉ်အယူအဆရှိပါတယ်။ ဒါပေမယ့် ဝိဥာဉ်ဆိုတာကို အပယ်လေးပါးထဲမှာထည့်သွင်းထားပါတယ်။ လူထက်နိမ့်ကျတဲ့ သက်ရှိမျိုးအဖြစ် ဝိဥာဉ်ကိုသတ်မှတ်ထားပါတယ်။ များသောအားဖြင့် တစ်စုံတစ်ရာကိုစွဲလမ်းမှုရှိတဲ့အခါ ဒါမှမဟုတ် ထိတ်လန့်စွာနဲ့သေဆုံးရတဲ့အခါ (အစိမ်းသေသေတဲ့အခါ) အဲ့ဒီစွဲလမ်းမှုကိုအကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ဘဝတစ်မျိုးကိုခေါ်ဆိုခြင်းမျိုးပါ။ စွဲလမ်းမှုကြောင့် နောက်ဘဝနဲ့ယခင်ဘဝကြားထဲက ကာလတစ်ခုမှာရောက်ရှိနေတာဖြစ်ပြီး လူထက်နိမ့်ကျတဲ့အဆင့်မှာရှိပါတယ်။ ထေရဝါဒမှာလည်း ဝိဥာဉ်လိုအရာမျိုးတွေအတွက် အဆင့်အတန်းသတ်မှတ်ထားတာမျိုးတွေရှိပါတယ်။ အဲ့ဒါတွေနဲ့ နောက်ထပ် မြန်မာ့ရိုးရာနတ်(၃၇)မင်းနတ်ကိုးကွယ်မှု အယူတွေအကြောင်းကို နောက်လာမယ့် ဝိဥာဉ်လောကလျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းမှာ ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

No comments :

Post a Comment