??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

စော်​ကြည်​​စေမယ့်​​မှော်​နည်းလမ်း​လေး

မှော်နည်းလမ်းဆိုကတည်းက ဟဲဟဲ . . .စိတ်ဝင်စားသွားကြပြီမဟုတ်လား။ သူငယ်ချင်းတွေလည်းလိုက်လုပ်ကြမယ်လို့ထင်ပါတယ်။ ဟဲဟဲ အောက်လမ်းလို့ထင်ချင်ထင်၊ အထက်လမ်းလို့ထင်ချင်ထင်၊ ထင်ချင်သလိုထင်ကြဗျာ။ ဒါပေမယ့် ဥပဒေနဲ့မငြိစွန်းတာတော့သေချာတယ်ဗျာ။

အခုနည်းကတော့ ယုံချင်ယုံမယုံချင်နေ ကောင်မလေးတစ်ယောက်က ကိုယ့်ကို ၇ရက်အတွင်း ရည်းစားစကားပြန်လာပြောတဲ့နည်းလေးပါ။
                     
နည်းကတော့ ပထမဆုံး ကိုယ်ကောင်မလေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အောက်မှာပါတဲ့ဂါထာလေးကို သူ့မျက်လုံးကိုကြည့်ပြီး သူကိုယ်ရွတ်နေတာကို သူမသိခင်အထိရွတ်လိုက်ပါ။
                     
ဂါထာလေးကတော့
"ဥုံ . . .ကာယောစန္ဒန ဂန္ဓောစကာယက္ကတ္ထိ ရာဇပိယံနဒိန္နံ စတုမေဝစ က္ကဒံမန္ဒသ အာနုဘာဝေါ"

တစ်ခုပြောချင်တာက ယောက်ျားလေးသီးသန့်ရွတ်တဲ့ဂါထာဖြစ်ပြီး မိန်းကလေးများရွတ်လိုပါက က္ကတ္ထိနေရာတွင် ပုတ္ထိ၊ က္ကဒံမန္ဒသနေရာတွင် ပုတ္တံမန္ဒသဟုရွတ်ဆိုကြည့်ကြပါရန် . . .။

ကဲ . .မယုံရင်စမ်းကြည့်ကြပေါ့။ အဲ . .လွန်လွန်ကျွံကျွံတွေတော့မဖြစ်စေနဲ့ပေါ့ဗျာ။
                       တစ်ခုခုဖြစ်ရင်ကိုယ့်ကိစ္စကိုယ်ရှင်းကြနော်။ ကျွန်တော့်ကို လာဆွဲမထည့်ကြနဲ့။
                      အားလုံးကိုယ့်ချစ်သူနဲ့အဆင်ပြေနိုင်ကြပါစေ။

No comments :

Post a Comment