အောက်တိုဘာလဟာ ဟောလိုးဝင်းပွဲတော်ရှိတာကြောင့်တစ်ကြောင်း၊ ယခုနှစ်ဟောလိုးဝင်းပွဲတော်ဟာ သောကြာနေ့မှာကျရောက်တာကြောင့်တစ်ဖုံရယ်ဖြစ်တာကြောင့်စ၍ ထူးထူးခြားခြားလေးဖြစ်သွားအောင် ယခုအပတ်မှစ၍ အောက်တိုဘာလရဲ့ သောကြာနေ့များမှာ Friday Black Revealed ဆိုတဲ့ အောက်လမ်းအစီအရင်များကို မကွယ်မဝှက်ဘဲတင်ဆက်မယ့် ကဏ္ဍသစ်လေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီအပတ် Friday Black Revealedအစီအစဉ်မှာ ရွေးချယ်ထားတဲ့ အစီအရင်လေးကတော့ငါးကြင်းကြော်နဲ့ အောက်လမ်းတိုက်အစီအရင်ပဲဖြစ်ပါတယ်။ ဒီအစီအရင်ဟာ မိမိမလိုလားသောသူကို လွယ်ကူစွာတိုက်နိုင်တဲ့နည်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သံသရာဘေး တွေးကြည့်ရင် ကြောက်စရာမို့ မလုပ်ကြဖို့နဲ့ ဗဟုသုတရစေရန်အတွက်သာ ဖော်ပြစေလိုခြင်းဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ လမိုက်ညသန်းခေါင်ယံအချိန် လမ်းလေးခွဆုံမှာ ငါးကြင်းကြော်နှစ်ကောင်ကို ပန်းကန်ထဲချပြီးထည့်ထားကာ အဝေးတစ်နေရာမှ ချောင်းကြည့်နေပါ။ သိပ်မကြာမီတွင် ခွေးများငါးကြင်းကြော်ပန်းကန်ကို စားရန်ဟန်ပြင်သောအခါ ခွေးမစားနိုင်ခင်မှာ ပန်းကန်ကို အမြန်သိမ်းယူပြီးနောက် သိမ်းထားပါ။
နောက်နေ့မနက်ရောက်လျင် ထိုငါးကြင်းကြော်ကိုပင် ဘုရားတွင် ဆွမ်းတော်ကပ်ပါ။ နေ့လည်ရောက်သော်ပြန်စွန့်ထားကာ ပြန်သိမ်းထားပါ။ နောက်နေ့မနက်တွင်တော့ ထိုငါးကြင်းနှစ်ကောင်ကိုပြန်နွှေးကာ ဘုန်းကြီးဆွမ်းလောင်းပါ။ ဆွမ်းလောင်းစဉ်မှာပင် ထိုဘုန်းကြီးဆီမှ ငါးကြင်းကြော်တစ်ဖဲ့ခဲ့ ပြန်စွန့်ခဲ့ခိုင်းကာ ထိုငါးကြင်းတစ်ဖဲ့ကို မိမိမလိုလားသောသူ၏ ဓာတ်ပုံကိုဖိ၍သော်လည်းကောင်း၊ သူအိပ်သော အိပ်ရာအောက်တွင် ထား၍သော်လည်းကောင်း အောက်လမ်းတိုက်နိုင်ပါသည်။ အလွန်လွယ်ကူသောနည်းဖြစ်သော်လည်း တန်ပြန်မှာ လွန်စွာကြီးလှသောကြောင့် စမ်းသပ်လုပ်ဆောင်မှုမပြုကြပါရန် ဗဟုသုတရရုံ မိမိကုတင်အောက် ငါးကြင်းကြော်ရောက်ခြင်းမှ ကာကွယ်နိုင်စေရန်အတွက်သာ အဓိကဖော်ပြလိုက်ရပါသည်။
Friday, October 9, 2015
ငါးကြင်းကြော်နဲ့အောက်လမ်းတိုက်အစီအရင်
Labels:
မှော်ပညာ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment