??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Saturday, October 3, 2015

မန်မာအောက်လမ်းမှတ်တမ်း(၂) : ရင်နှစ်မွှာကြားကချစ်သစ္စာ

ဒီတစ်ခေါက်ဖော်ပြမယ့်အကြောင်းအရာကတော့ ရင်နှစ်မွှာကြားက ချစ်သစ္စာဆိုတဲ့ အစီအရင် တစ်ခုပဲဖြစ်ပါတယ်။ ရှေးအမျိုးသမီးများ၊ အချို့စုန်းရွာများမှာဆိုရင် ကောင်လေးတစ်ယောက်လာလည်လို့ အဲ့ဒီကောင်လေးကို ကြိုက်သွားခဲ့မိလို့ရှိရင် သူ့ကိုမပြန်ချင်အောင် ပြုစားပါတော့တယ်။ ဒီလိုပြုစားရာမှာ များသောအားဖြင့် ကွမ်းယာတွင် ဓမ္မတာပေါ်သောသွေးထည့်၍ မန်းမှုတ်ပြုစားခြင်း၊ ပရဆေးများကို မန်းမှုတ်၍ အစားအစာအဖြစ်ပြောင်းလဲကာကျွေးခြင်းစသဖြင့် နည်းများနဲ့ပြုစားကြပါတယ်။
                    ယခုဖော်ပြမယ့်နည်းလမ်းကတော့ ကိုယ်ချစ်ရသူကို ကိုယ်ကသာ အာဏာပါပါနဲ့ နိုင်စေပြီး သူဟာ ကိုယ့်အပေါ်မှာပဲ လုံးဝသစ္စာရှိနေစေတဲ့နည်းပါ။ ကျွန်တော်လည်း ဒီနည်းကို အပြည့်အစုံဖော်ပြမှာ မဟုတ်သလို စမ်းလည်းမကြည့်ကြပါနဲ့။ ဗဟုသုတရဖို့သာဖော်ပြပေးတာဖြစ်ပါတယ်။ အချို့ အမျိုးသားလေးများ ဆင်ခြင်နိုင်စေဖို့ပါ။
                  ဒီနည်းကိုသုံးဖို့အတွက် အစီအရင်လုပ်မယ့်မိန်းမဟာ (၇)ရက်တိတိရေမချိုးရပါဘူး။ (၇)ရက်မြောက်တဲ့နေ့မှာ အဲ့ဒီမိန်းမဟာ ရင်သားနှစ်မွှာကြားကိုပွတ်ပြီး အညစ်အကြေးတွေထွက်လာအောင်လုပ်ရပါမယ်။ အဲ့ဒီအညစ်အကြေးတွေရရင် အဲ့ဒီအညစ်အကြေးတွေကို အာဏာစက်တည်စေအစီအရင်တစ်ခုနဲ့စီရင်ရပါမယ်။ ပြီးရင် အနီးဆုံးမှာရှိတဲ့ သူရသတီရုပ်တင်ပါးက အညစ်အကြေးကို အင်းချပ်စက္ကူတစ်ခုနဲ့ ခြစ်ယူ။ ရုပ်တုတင်ပါးက အညစ်အကြေးရယ်၊ ရင်သားနှစ်မွှာကြားက အညစ်အကြေးရယ်ကိုရောပြီး အလုံးလေးတွေ(၇)လုံးဖြစ်အောင်လုံးကာ ထမင်းလုပ်(၇)လုပ်ထဲကို မမြင်ရအောင်ထည့်ထားပါ။ ပြီးနောက်မှာတော့ မိမိနိုင်လိုသူ၊ သစ္စာရှိလိုသူကို အဲ့ထမင်းကိုကျွေးရမှာဖြစ်ပါတယ်။
                ဒီတော့ ပြောချင်တာကတော့ ကိုယ်နဲ့မသိတဲ့ရွာပဲဖြစ်ဖြစ်၊ သူစိမ်းတစ်ယောက်ကပဲဖြစ်ဖြစ် မိမိကို ထမင်းခွံ့ကျွေးလာခဲ့ရင် ထမင်းကိုကြည့်ကာ သံ(၈)ချက်ဂါထာ ကိုရွတ်လိုက်ပါ။ ဒါဆိုရင်တော့ သူ့အစီအရင်အောင်မြင်တော့မှာမဟုတ်ပါကြောင်းနဲ့ ယခု ရင်နှစ်မွှာကြားကချစ်သစ္စာအစီအရင်ကို စမ်းသပ်ခြင်းမပြုကြရန်လည်း ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

No comments :

Post a Comment