??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Monday, October 5, 2015

စာမေးပွဲခန်းထဲမှာလွတ်လပ်စွာဖြေဆိုနိုင်ဖို့

( ဖတ်ကောင်းအောင် လွယ်ကူစွာဖြေနိုင်မယ့်နည်းလမ်းလို့ရေးထားတာပါ၊ အမှန်ကတော့ ကိုယ်ဘာလုပ်လုပ် အခန်းစောင့်ဆရာ ဘာမှမပြောဖို့နည်းလမ်းပါ) အဲ့လိုနည်းလမ်းမျိုးတွေတောင်းဆိုမှုများပြားလာတဲ့အတွက် စာမေးပွဲမပြီးခင် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။
        ပထမဆုံး စာမေးပွဲခန်းကိုဝင်တဲ့အခါမှာ ကျောင်းသားကတ်ကို မယူခဲ့ပါနဲ့ဦး၊ စာဖြေထိုင်ခုံမှာအရင်ဝင်ထိုင်လိုက်ပါ။ အခန်းထဲဝင်လို့ ဆရာရှေ့ကဖြတ်သွားရတဲ့အခါ respect ပေးသည့်အနေနှင့် ခေါင်းကိုညွတ်သွားပါ။ ထို့နောက် ကျောင်းသားကတ်ကျန်ခဲ့သည့်ပုံစံမျိုးနှင့် အပြင်ကို ချက်ချင်းပြန်ထွက်ကာ သွားယူပါ။ သွားယူသည့်အခေါက်အသွားအပြန်မှာလည်း ဆရာရှေ့အရောက်တွင် ဦးညွတ်သွားပါ။
        ထို့နောက် စာဖြေခုံမှာ ပြန်ထိုင်ပြီးပြီင်္ဆိုပါက လက်နှစ်ဖက်ကိုဖြန့်ကာ ခုံပေါ်တင်ထားလိုက်ပါ။ ထို့နောက်စိတ်ကိုလျော့ထားလိုက်ပါ။.စိတ်ကိုလျော့ကာ "တီ  . . . ရှန်၊ တီ . . . ရှန်" ဟူ၍ တစ်လုံးချင်းဖြည်းညှင်းစွာရွတ်ဆိုပါ။
        စိတ်တည်ငြိမ်သွားပြီဟုယူဆပါက -
       "Time and sun are hide from here!
         Power of Saturn give to me.
         Time of planet differences
         Forever remember to my heart! "
         ဆိုသော မန္တန်ကို ပီသစွာရွတ်ပါ။ ထို့နောက် အခန်းစောင့်ဆရာများကို မိမိတတ်သလို မေတ္တာပို့ကာ စာမေးပွဲကို ဖြေဆိုနိုင်ပါပြီ။
        တစ်ခုကြိုတင်အသိပေးချင်တာကတော့ စာမေးပွဲခန်းမှာ ဘယ်လောက်ပဲမိမိအတွက် လွတ်လပ်မှုရှိနေပါစေ။ အခန်းစောင့်ဆရာကို လေးစားမှုမရှိရင် ရရှိထားတဲ့ လွတ်လပ်မှု ပြန်လည်ပျောက်ကွယ်သွားနိုင်ပါကြောင်း . . . . .။

No comments :

Post a Comment