ချစ်သူ၊စုံတွဲတွေ တစ်ဦးနဲ့တစ်ဦးလက်ထပ်ကြ စေ့စပ်ကြတဲ့အခါ လက်သန်းကြွယ်မှာ လက်စွပ်စွပ်တတ်ကြပါတယ်။ ဒီလိုပဲ အခုဖော်ပြမယ့် အကြောင်းကတော့ လက်သန်းကြွယ်နဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီလေးတစ်ခုနဲ့ပတ်သတ်ပြီးတော့ပါ။ လက်သန်းကြွယ်နဲ့ပတ်သတ်ပြီး ရှေးတာအိုအယူအဆမှာတော့ အနာဂတ်ဖူးစာရှင်သတ်မှတ်ပြီးဖြစ်တဲ့ လူတိုင်းလူတိုင်းဟာ သူ့ရဲ့လက်သန်းကြွယ်နဲ့ သူ့ဖူးစာရှင်ရဲ့ လက်သန်းကြွယ်နဲ့ကို မမြင်ရတဲ့ ကြိုးလေးတစ်ချောင်းနဲ့ ဆက်သွယ်ပေးထားပြီး အဲ့ဒီကြိုးရဲ့ ဆက်သွယ်မှုကနေတစ်ဆင့် ဖူးစာရှင်ရဲ့နှလုံးသားကို လှုပ်နိုးနိုင်စွမ်းရှိစေတယ်။ ကိုယ်နဲ့ အမြန်နီးစပ်စေတယ်ဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။
လက်ချောင်းလေးတွေကို တစ်ချောင်းချင်းစီ ကိုယ့်ဘက်ကိုပါအောင် ရှေ့တိုးနောက်ဆုတ် လှုပ်ရမ်းကြည့်ပါ့လား။ လက်သန်းကြွယ်ကိုလှုပ်ရမ်းတဲ့အခါ တခြားလက်ချောင်းလေးတွေကို လှုပ်ရမ်းနေတာနဲ့ မတူဘဲ လှိုင်းတစ်ခုက ချိတ်ဆက်ထားတဲ့ တစ်စုံတရာကိုဆွဲခေါ်နေသလိုမျိုး ခံစားလာရတာကို သတိထားကြည့်ရင် သိနိုင်ပါတယ်။
ဒီတော့ဖူးစာရှင်မတွေ့သေးသူတွေ၊ ကိုယ့်ဖူးစာရှင်နဲ့အနေဝေးနေသူတွေအတွက် လက်သန်းကြွယ်လေးကို ကိုယ့်ဘက်ပါအောင် ရှေ့တိုးနောက်ဆုတ် အချိန်ရတိုင်း၊ သတိရတိုင်းလုပ်ကြည့်ကြပါ့လား။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကိုယ့်ချစ်သူရဲ့ နှလုံးသားကို မြန်မြန်ဆန်ဆန်လှုပ်နိုးနိုင်စွမ်းရှိစေပြီး အမြန်ဆုံးပဲ သင့်ရင်ခွင်ထဲကိုဆွဲသွင်းနိုင်မှာဖြစ်ပါလိမ့်မယ်။ ဖူးစာရှင်မသိသေးသူများအတွက် အလွယ်ဆုံးနည်းကောင်းလေးတစ်ခုကိုမျှဝေပေးလိုက်တာပါ။ ဖူးစာရှင်နဲ့ အမြန်ဆုံးတွေ့ချင်တယ်ဆိုရင်တော့ လက်သန်းကြွယ်လေးကိုသာ လှုပ်ရမ်းရမှာကတော့ ဒီပို့စ်ကို ဖတ်ရှုသူတို့ရဲ့ တာဝန်ပင်ဖြစ်ပါကြောင်း ..... ။ ။
Monday, October 5, 2015
ဖူးစာဖက်ကိုဆွဲဆောင်မယ့်လက်သန်းကြွယ်လေး
Labels:
မှော်ပညာ
Subscribe to:
Post Comments
(
Atom
)
ဘယ်လက် လား ညာလက်လား
ReplyDeleteလှုပ်ရမှာ