??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

The Secret of Witchcraft Part(1)

မှော်အတတ်ပညာ .... ။ ကျွန်တော်တို့ဒီဝေါဟာရကိုကျွန်တော်တို့ငယ်စဉ်က
တည်းက လူကြီးသူမတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေကနေတစ်ဆင့် ကြားသိခဲ့ရတယ်။ မှော်ပညာဆိုတာ သူများကို ပြုစားဖို့ချည်းသုံးလို့ရတာပါလား .... ? မှော်ပညာဟာ နတ်တွေ၊ ပရလောကသားတွေရဲ့အစွမ်းကိုပဲယူသုံးကြတာလား ....။ အဲ့ဒီလျှို့ဝှက်ချက်များအားလုံးကို ယခုဖော်ထုတ်တင်ပြသွားမှာပါ ...။

-မှော်ပညာဘယ်လိုအလုပ်ဖြစ်ပါသလဲ ....
                 မှော်ပညာဟာ ပရလောကသားတွေ၊ နတ်တွေ၊ စတဲ့သူတွေရဲ့ အစွမ်းတွေကြောင့်အစွမ်းထက်တာရှိသလို ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေထဲမှာဖြစ်ပေါ်နေတဲ့ မသိစိတ်စွမ်းအင်တွေကနေတစ်ဆင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် Eternal Cosmo Power လို့ခေါ်တဲ့ စကြာဝဠာစွမ်းအင်ကို ရယူအသုံးပြုပြီးတော့လည်း အလုပ်ဖြစ်ပါတယ်။ Eternal Cosmo Power ဆိုတာကတော့ ကျွန်တော်တို့လောကကြီးကို အက်တမ်အမှုန်လေးတွေနဲ့ဖွဲ့စည်းထားပြီး အဲ့ဒီအမှုန်လေးတွေကို God Particle ဆိုတဲ့ အတွင်းအကျဆုံးအမှုန်လေးတွေနဲ့ဖွဲ့စည်းထားကာ God Particle လို့ခေါ်တဲ့ အမှုန်လေးတွေ လှုပ်ရှားသွားလာယှက်နွယ်မှုရှိနေမှသာ ကျွန်တော်တို့ လောကကြီးမှာ သက်ရှိတွေရှင်သန်နေရတာပါ။ အဲ့ဒီ God Particle လို့ခေါ်တဲ့ အတွင်းအကျဆုံးအမှုန်လေးတွေ လှုပ်ရှားမှုဖြစ်ပေါ်အောင် အားတစ်ခုကထောက်ပံ့ပေးထားပြီး အဲ့ဒီအားဟာ မှော်ပညာရှင်များ အတွင်းစွမ်းအင်အဖြစ်စုပ်ယူလေ့ရှိကြတဲ့ Eternal Cosmo Power ပဲဖြစ်ပါတော့တယ်။

-မန္တန်ပညာရပ်များအစွမ်းထက်ခြင်း
                     ဘာမဟုတ်တဲ့စာသားတစ်ချို့ကိုရွတ်ဆိုလိုက်တာနဲ့ ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အရာဟာ မန္တန်ပဲဖြစ်ပါတယ်။ ဒါဆိုရင် မန္တန်ဟာ ဘာမဟုတ်တဲ့စာသားတွေသက်သက်ပဲလား ....။
မဟုတ်နိုင်ပါဘူး။ မန္တန်အစွမ်းထက်သက်ရောက်ခြင်းနှစ်မျိုးရှိပြီး အဲ့ဒါတွေကတော့ -
(၁) မန္တန်စောင့်ရှောက်သောပုဂ္ဂိုလ်အားဖြင့်အလုပ်ဖြစ်ခြင်း
(၂) အတွင်းစွမ်းအင်အားဖြင့်အလုပ်ဖြစ်ခြင်း
တို့နဲ့သက်ရောက်မှုရှိစေပါတယ်။
               ပထမဆုံးမန္တန်စောင့်ရှောက်သော ပုဂ္ဂိုလ်အားဖြင့်အလုပ်လုပ်ခြင်းအကြောင်းကို ဖော်ပြပါမယ်။ မန္တန်တစ်ပုဒ်ကိုရွတ်လိုက်တဲ့အခါ အဲ့ဒီမန္တန်စာသားများဟာ မန္တန်နဲ့ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးနဲ့ချိတ်ဆက်မိကာ အဆိုပါ ပုဂ္ဂိုလ်မှ မိမိအလိုရှိရာကို ဆောင်ကျဉ်းပေးခြင်းဟာ မန္တန်စောင့်ရှောက်သော ပုဂ္ဂိုလ်အားဖြင့် အလုပ်ဖြစ်ခြင်းပဲဖြစ်ပါတယ်။
               ဆက်လက်ပြီး အတွင်းစွမ်းအင်အားနဲ့ အလုပ်ဖြစ်စေခြင်းအကြောင်းကို ဖော်ပြပေးပါဦးမယ်။ တချို့မန္တန်များဟာ သူ့မန္တန်ရဲ့ အသံလှိုင်းဟာ Cosmo Power ကိုသက်ရောက်စေပြီး အဲ့ဒီ Cosmo Power စွမ်းအင်များဟာ သူရွတ်လိုက်တဲ့အခါ သူရွတ်လိုက်တဲ့ ဌာန်နဲ့ပေါင်းစပ်ကာ မန္တန်ရွတ်သူဆီကို စွမ်းအင်ဝင်ရောက်လာပြီး ဆန္ဒများက Cosmo Power သို့ ပြန်လည်ဝင်ရောက်တန်ပြန်ကာသက်ရောက်စေခြင်းပဲဖြစ်ပါတယ်။
                မန္တန်အတော်များများမှာ စိတ်အာရုံစူးစိုက်မှုကိုထောက်ပံ့ပေးတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။ ဥပမာ အစီအရင်တစ်ခုမှာဆိုရင် -
"ငါသူ့ကိုအရမ်းချစ်တယ် ...
ဆားမှုန်တွေက ရေထဲမှာပျော်ဝင်နေသလိုမျိုးပဲ
ငါ့ရဲ့အချစ်တွေက သူ့နှလုံးသားမှာပျော်ဝင်ကာ သူ့နှလုံးသားကိုလှုပ်နှိုးနိုင်ပါစေ ..."
             ဆိုတဲ့ စာသားရှိမန္တန်တစ်ပုဒ်ပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီမန္တန်ကတော့ သူ့ရဲ့အချစ်စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှု၊ အချစ်စိတ်တက်ကြွမှုကို နိုးထပေးစေပြီး အာရုံစူးစိုက်မှုမှတစ်ဆင့် အတွင်းစွမ်းအင်များကို ဖော်ထုတ်ကာ အချစ်စိတ်တက်ကြွမှုမှတစ်ဆင့် သူလုပ်နေသော အချစ်မှော်အစီအရင်ကို ထောက်ပံ့ပေးကာ အစီအရင်ရဲ့အစွမ်းဟာသူ့ဆန္ဒအတိုင်း အစွမ်းထက်သွားတာပဲဖြစ်ပါတယ်။

(အခုတစ်ပတ်ဖော်ပြပေးခဲ့တာကတော့ မှော်ပညာစွမ်းအင်အရင်းအမြစ်များအကြောင်းနဲ့ မန္တန်တို့အစွမ်းထက်ပုံကိုဖော်ပြသွားတာဖြစ်ပြီးတော့ ပရလောကသားများ၊ နတ်ဘုရားများနှင့်ဆိုင်သော ဖြေရှင်းချက် လျှို့ဝှက်ချက်များကို နောက်တစ်ပတ်မှာဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။)

No comments :

Post a Comment