??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

မှော်​ဝင်​​နေ​သောသီချင်းများ(၆)

မှော်ဝင်နေသောသီချင်းများကဏ္ဍမှာ ပြည်တွင်းသီချင်းတစ်လှည့်၊   နိုင်ငံတကာသီချင်းတစ်လှည့် တင်ဆက်ခဲ့ရာမှာ အခုမှော်ဝင်နေသောသီချင်းများ(၆)မှာ ပြည်တွင်းသီချင်းတင်ဆက်ပေးရမယ့်အလှည့်ကို  ရောက်လို့လာပါပြီ။ ဒီတစ်ခေါက် မှော်ဝင်နေတဲ့ပြည်တွင်းသီချင်းတွေထဲကမှ ကိုယ့်ကိုသစ္စာဖောက်သွားတဲ့ချစ်သူကို ပြန်ကျိန်စာတိုက်နိုင်တဲ့ မှော်ဝင်သီချင်းတစ်ပုဒ်နဲ့မျှဝေပေးသွားမှာပါ။ ဒီသီချင်းလေးကတော့ တက်သစ်စလူငယ်အဆိုတော်Shwe Htoo, Alatt, Yzet, Oasix တို့သီဆိုထားကြတဲ့ "မမေ့ဆေး"ဆိုတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို အချိန်ရတိုင်းနားထောင်ရင်း လိုက်ဆိုပေးနေရုံနဲ့ ကိုယ့်ကို သစ္စာဖောက်သွားတဲ့ချစ်သူ အချစ်ရေးနဲ့ပတ်သတ်တဲ့ ဒဏ်ကို သူပြန်ခံရပါလိမ့်မယ်။ ကိုယ့်ကိုလုပ်ခဲ့သလိုမျိုးသူပြန်ခံစားလာရပါလိမ့်မယ်။ သီချင်းလေးကိုနားဆင်လိုက်ကြပါဦးနော်။

No comments :

Post a Comment