??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

မှော်ဝင်ေ​န​သောသီချင်းများ(၂)

ချစ်သူပြန်လာစေတဲ့မှော်ဝင်သီချင်းကို မှော်ဝင်နေသောသီချင်းများ(၁)မှာဖော်ပြခဲ့ပြီးပါပြီ။  အရင်ကနိုင်ငံတကာသီချင်းတစ်ပုဒ်ကို ကျွန်တော်ကရွေးပြခဲ့တော့ အခုဆက်လက်ပြီးဖော်ပြပေးမယ့် မှော်ဝင်သီချင်းကိုတော့ ပြည်တွင်းကသီချင်းတစ်ပုဒ်ကိုပဲရွေးချယ်   ပေးထားပါတယ်။ ဒီသီချင်းကတော့ ဆယ်ကျော်သက်လူငယ်များကြားထဲမှာ အထူးရေပန်းစားခဲ့ပြီး အသည်းကွဲသူတော်တော်များများ နှစ်ခြိုက်ကြတဲ့သီချင်းပါ။ Come Back to Me လိုတော့ ချစ်သူကိုပြန်မလာနိုင်စေပေမယ့် ဒီသီချင်းနားထောင်သူတော်တော်များများကတော့ ချစ်သူနဲ့ကွဲသွားခဲ့ကြပါတယ်။ တကယ်လို့ သင်ဟာ ဒီသီချင်းကို ခဏခဏညည်းဖူးသူတစ်ယောက်ဆိုရင်တော့ ဒီသီချင်း ဘယ်လောက်စွမ်းလဲဆိုတာကို ကျွန်တော် သီချင်းနာမည်ပြောပြတာနဲ့တင်သိနေလောက်ပါပြီ။ ဒီသီချင်းဟာ ချစ်သူနဲ့ကွဲစေတတ်တဲ့အစွမ်းနဲ့ မှော်ဝင်နေတာမို့ အချိန်ရတိုင်း ခဏခဏမဆိုမိစေဖို့လည်း သတိပေးလိုက်ရပါတယ်။ ဒီသီချင်းလေးရဲ့နာမည်ကတော့
အဆိုတော် ရဲရင့်အောင်သီဆိုထားတဲ့ "ရပါတယ်ထွက်သွားပါ" ဆိုတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ချစ်သူနဲ့ကွဲစေနိုင်စွမ်းရှိတဲ့ မှော်ဝင်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်​။

No comments :

Post a Comment