??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

မှော်​ဝင်​​နေ​သောသီချင်းများ(၄)

မှော်ဝင်နေသောသီချင်းများကနေ ပြည်တွင်းပြည်ပက မှော်ဝင်နေတဲ့သီချင်းတွေကို အလှည့်ကျတင်ဆက်ပေးခဲ့ရာမှာ အခု ပြည်တွင်းကမှော်ဝင်သီချင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါမယ်။ အခုဖော်ပြပေးမယ့်သီချင်းကတော့ လူသိများပြီးသားလည်းဖြစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုက ဖြူဖြူကျော်သိန်းဆိုထားတဲ့သီချင်းပါ။ ဟုတ်ပါတယ်။ ဒီသီချင်းကတော့ The Sign of Love(အချစ်သင်္ကေတ)ဇာတ်လမ်း ဒုတိယပိုင်းထဲက Theme Song တစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းမှာတော့ ဖြူဖြူကျော်သိန်းရဲ့ ကောင်းမွန်အောင်မြင်လှတဲ့အသံနဲ့နောက်ခံသံစဉ်များတို့နဲ့အတူ စကားလုံးစာသားများပေါင်းစပ်သွားကာ ခံစားချက်များနဲ့အတူမှော်ဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းကို စplayလိုက်တဲ့အချိန်မှာပဲ ကြားလိုက်ရတဲ့သီချင်းသံက သင့်ရဲ့စိတ်ခံစားချက်တွေကို ကြက်သီးထစေနိုင်လောက်တဲ့အထိ ဖြစ်ပေါ်စေနိုင်လောက်တဲ့ မှော်ဝင်သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကဘာစွမ်းသလဲဆိုတော့ သင့်ချစ်သူနဲ့တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပဲဖြစ်ဖြစ် ရရှိနေတဲ့အချစ်ရဲ့ စိတ်ဖိစီးမှုဒဏ်တွေကို သူကလျော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုနည်းပါးကာ ကိုယ့်ချစ်သူနဲ့ပျော်ရွှင်နိုင်အောင် ဒီသီချင်းလေးကဆောင်ကျဉ်းပေးပါလိမ့်မယ်။ ဒီသီချင်းလေးကိုတော့ အချစ်ကြောင့်ရတဲ့စိတ်ဖိစီးမှုတွေခံစားနေရချိန်၊ မျက်ရည်တွေ တောက်တောက်ကျလောက်အောင် မွန်းကြပ်နေချိန်များမှာ (၅)ခေါက်လောက် Repeat လုပ်ကာနားထောင်လိုက်ပါ။ အဲ့ဒီလိုနားထောင်နေချိန်မှာလဲ စိတ်ဖိစီးမှုတွေ ခန္ဓာကိုယ်ကစိမ့်ထွက်သွားနေပြီး မကြာမီမှာပျော်ရွှင်မှုတွေ ရောက်လာတော့မယ်လို့ ယုံကြည်ချက်လေးကိုထားနေပေးပါက မကြာခင်မှာ ထူးလာမှာဖြစ်ပါကြောင်းနဲ့ သင့်ခံစားချက်တွေကိုဖွင့်ထုတ်ဖို့ မှော်ဝင်သီချင်းလေးကို အောက်မှာနားထောင်လိုက်ပါဦးနော် ...။

သီချင်းစာသား►►►

The Sign of Love Season (2) Theme Song
Singer - Phyu Phyu Kyaw Thein
......
♪ (Intro)
 V1:
လူတွေက ထွက်ပေါက်တွေရှာချိန်မှာ ငါတစ်ယောက်တည်း အကျဉ်းကျနေချင်သူပါ ....
 ဒီနှောင်ကြိုးများစွာ မဖြတ်ရက်တဲ့အခါ ငါဟာလေ အချစ်အကျဉ်းသား
 ခဏလေး မေ့ဖျောက်ဖို့ မဖြစ်နိုင်တဲ့အခါ တစ်သက်လုံး ဒဏ်ရာတွေမျိုသိပ်ကာ
 ကမ္ဘာကြီး ဘယ်သူမှနားမလည်တဲ့အချစ် ...
 တစ်ယောက်တည်း .. နာကျင်စွာခံစားကာ ...
Chorus :
 [ငါဟာအချစ်ကို ကိုးကွယ်ခဲ့သူလား ... ဘဝကိုဘေးဖယ်လိုက်ပြီလား ..
ငါမှားသွားပြီထင်တယ် ... တကယ်မှားသွားပြီထင်တယ် ...
နာရီ၊ စက္ကန့်တိုင်းမှာမင်းအရိပ်များ ... အချစ်ကဆေးအရုပ်ထိုးသလိုပြန်ဖျက်မရ ..
မင်းရဲ့အချစ်တွေက ... ငါ့အတွက်အကျဉ်းထောင်လား
လွတ်မြောက်ခွင့်ပေးပါ ... ခဏလေးပါ ..]
V2:
လူတွေက ခရီးဆက်နှင်နေချိန်မှာ ... ငါတစ်ယောက်တည်း ... နောက်လှည့်ကျန်နေသူပါ ...
ဒဏ်ရာများရပါစေ .. အချစ်ရှိတဲ့နေရာ .. ငါမရှောင်ခွာနိုင်သူပါ ....
ခဏလေးလွတ်မြောက်ခွင့် ရချင်တဲ့အခါ ... တစ်ယောက်တည်း ဘယ်ဆီကိုထွက်မပြေးသာ
အချိန်တိုင်း နေချင်တာကမင်းရဲ့အနား ... ဒီအလွမ်းများ ခံယူမယ်တစ်သက်လုံးသာ ...
Chorus :
 [ငါဟာအချစ်ကို ကိုးကွယ်ခဲ့သူလား ... ဘဝကိုဘေးဖယ်လိုက်ပြီလား ..
ငါမှားသွားပြီထင်တယ် ... တကယ်မှားသွားပြီထင်တယ် ...
နာရီ၊ စက္ကန့်တိုင်းမှာမင်းအရိပ်များ ... အချစ်ကဆေးအရုပ်ထိုးသလိုပြန်ဖျက်မရ ..
မင်းရဲ့အချစ်တွေက ... ငါ့အတွက်အကျဉ်းထောင်လား
ငါဟာအချစ်ကို ကိုးကွယ်ခဲ့သူလား ... ဘဝကိုဘေးဖယ်လိုက်ပြီလား ..
ငါမှားသွားပြီထင်တယ် ... တကယ်မှားသွားခဲ့ပြီပဲ ..
 နာရီ၊ စက္ကန့်တိုင်းမှာမင်းအရိပ်များ ... အချစ်ကဆေးအရုပ်ထိုးသလိုပြန်ဖျက်မရ ..
မင်းရဲ့အချစ်တွေက ... ထာဝရအကျဉ်းထောင်လား
လွတ်မြောက်ခွင့်ပေးပါ ... ခဏလေးပါ ..]

No comments :

Post a Comment