??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

သြဇာညောင်းစေမယ့်ပန်းသီးအစီအရင်

"ပထမဆုံးမည်သည့်လမှာမဆိုလပြည့်ကျော်(၃)ရက်နေ့ညအချိန်အနီနဲ့အစိမ်းရောယှက်နေတဲ့ပန်းသီးတလုံးကိုခူးစွတ်လိုက်ပါ။မရပါကဈေးဆိုင်မှဈေးမဆစ်ဘဲကြိုဝယ်ထားပါ။ပြီးရင်အစိမ်းရောင်သမ်းနေတဲ့နေရာကိုမိမိပါးနဲ့အပ်ကာအသက်ကိုပုံမှန်ရှူနေပါ။ပြီးရင်အနီရောင်အပိုင်းကိုမိမိကိုယ်ပိုင်အဝတ်သန့်သန့်ဖြင့်ပွတ်သပ်ရင်း....
`မီးလိုချိုပြီး
မီးလိုနီရဲနေတဲ့ပန်းသီးလေးရေ
ငါ့နှလုံးသားကိုနွေးထွေးစေသလို
ချစ်သူ့စိတ်ကိုလည်းပြောင်းလဲပေးပါ´
ဆိုတဲ့မန္တန်ကိုရွတ်ပေးပါ။ပြီးရင်အနီရောင်သမ်းနေတဲ့အပိုင်းကိုညင်သာစွာနမ်းရှိုက်လိုပ်ပါ။အဲဒီနောက်မိမိသြဇာညောင်းလိုသူထံပန်းသီးကိုပေးအပ်လိုက်ပါ။ပန်းသီးစားပြီးအစာမကျေခင်မိမိ၏သြဇာညောင်း၏။ဤနည်းကိုဥာဏ်ရှိသလိုအသုံးပြုနိုင်ကြပါစေ။

No comments :

Post a Comment