??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

ကုန်ပစ္စည်းရောင်းထွက်စေဖို့ ရေမန်းအစီအရင်

ဒီတစ်ခေါက်မှာတော့ ကုန်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူများ၊ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်သူများ၊ ကုန်သည်ပွဲစားများအတွက် ကုန်ပစ္စည်းရောင်းထွက်စေဖို့ ရေမန်းအစီအရင်ကိုမျှဝေပေးလိုက်ရပါတယ်။ စီရင်မယ့်ရေအတွက် ဘုရားစင်မှစွန့်ထားသော သောက်တော်ရေကဲ့သို့သော သန့်စင်သောရေလိုအပ်ပါတယ်။ အဓိကစီရင်ရမယ့်ရက်ကတော့ ကြာသပတေးနေ့ နံနက်(၉)နာရီ(၄၅)မိနစ်အချိန်ပါ။ အဲ့ဒီအချိန်မှာတော့ မိမိရဲ့သန့်စင်တဲ့ရေကို အောက်ပါမန္တန်ကို(၇)ခေါက်ရွတ်ဆိုပြီး လာဘ်နှိုးပေးရမှာပါ။
"ဥုံ လဿာ လဿာ ယုဋ္ဌာ ယုဋ္ဌာ သွာဟ"
                 အထက်ပါမန္တန်နဲ့လာဘ်နှိုးပြီးသွားရင်တော့ လာဘ်နှိုးပြီးသားရေစင်ကို မိမိရောင်းထွက်လိုတဲ့ ကုန်ပစ္စည်းကိုပက်ဖြန်းပေးရမှာဖြစ်ပြီးတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း လုပ်ဆောင်သွားပါ။ တကယ်စွမ်းပါတယ်။ တကယ်ရောင်းထွက်ပြီးအကျိုးထူးပါလိမ့်မယ်။

No comments :

Post a Comment