??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

မှော်​ဝင်​​နေ​သောသီချင်းများ(၁၂)

    မင်္ဂလာပါ။ အရှေ့မှာ အနောက်တိုင်းသီချင်းတွေချည်းဖော်ပြလာခဲ့တော့ ရိုးနေပြီမလား။ ဒီတော့မြန်မာမှော်ဝင်သီချင်းဘက်ကို နည်းနည်းလေးပြန်လှည့်ကြတာပေါ့။ 
              come back to meသီချင်းဟာ ချစ်သူကိုပြန်လာစေနိုင်တဲ့အရာမှာ အရမ်းစွမ်းတယ်ဆိုပေမယ့် ချစ်သူအဟောင်းကိုသာ ပြန်လည်ရယူပေးနိုင်တာဖြစ်လို့ တစ်ဖတ်သက်သမားများအတွက် အသုံးချလို့မရနိုင်ပါဘူး။ ဒီတော့ ကိုယ့်မှာကြိတ်ကြွေနေရတဲ့သူတွေရှိရင် ဒီသီချင်းလေးနဲ့ချက်ချင်းသာ စမ်းကြည့်လိုက်ပါ။
             ဒီသီချင်းကတော့ နာမည်ကြီးပြီးသား သီချင်းတစ်ပုဒ်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းရဲ့ မျက်လှည့်ဆိုတဲ့သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ကိုယ်တစ်ဖတ်သတ်ချစ်နေရတဲ့သူ ကိုရည်စူးတဲ့စိတ်နဲ့ မကြာမကြာဆိုပေးရင် သူ့အချစ်က သင့်အတွက်ဖြစ်လာမှာပါ။ ကိုယ့်မှာကြိတ်ချစ်နေရတဲ့သူရှိတယ်ဆိုရင် သင်ဘာကိုစောင့်နေမှာလဲ။ သီချင်းကို ချက်ချင်းရယူနားဆင်လိုက်ပေါ့ဗျာ။ ကိုယ်တွေ့နော် ။ ကိုယ်တွေ့။

No comments :

Post a Comment