အရင်ကသွေးစုတ်ကောင် အသွင်ပြောင်းနည်းကို ဖော်ပြခဲ့ပြီး အခုတော့ ရေသူမအသွင်ပြောင်းနည်းကို ဆက်လက်ပြီးဖော်ပြပေးလိုက်ရပါတယ် ..။ ခုရက်ပိုင်းမှာ ဂျက်စီဘယ်လ်ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းတွဲတစ်ခုကို ကြည့်ပြီး ရေသူမအသွင်ပြောင်းနည်း တကယ်ရှိလား၊ တကယ်ပဲရေသူမပြောင်းလို့ရနိုင်လားဆိုပြီးမေးလာတဲ့သူ တွေရှိတာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။ ရေသူမ ဒါမဟုတ်မဟုတ် ရေသူထီးတစ်ယောက်ဖြစ်ဖို့ အရင်ဆုံး ဘာကိုပေးဆပ်ရတတ်သလဲဆိုတာကို အရင်ပြောကြည့်ပါမယ်။ အရိုးရှင်းဆုံးပြောရရင်တော့ ရေသူမ၊ ရေသူထီးဆိုတာက လူသားတစ်ယောက်ရဲ့ဘဝမဟုတ်ပါဘူး။ ဒီတော့ သူ့မှာပေးဆပ်ရမှုသိပ်မရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ရှိပါတယ်။ လူတစ်ယောက်ကနေ ရေသူမ၊ရေသူထီးတစ်ကောင် ပြောင်းလဲပြီး လူသားပြန်ဖြစ်ပြီးသွားပြီဆိုရင်တော့ ရေများအဆမတန်သောက်ချင်စိတ်ရှိခြင်း၊ ကုန်းပေါ်တွင် အားနည်းစွာနေထိုင်ရခြင်း၊ တစ်ခါတစ်ရံခြေထောက်နှစ်ချောင်းပူးကပ်နေတတ်ခြင်း၊ ရေအောက်အိပ်မက်များမက်တတ်ခြင်း၊ ရေမြင်ရင် မနေမထိုင်နိုင်ဆင်းကူးတတ်ခြင်းတို့တော့ဖြစ်တတ်ပါတယ်။
ဒီတော့ နည်းလမ်းကိုပြောပြပါမယ်။ ပထမဆုံး ဘယ်သူမှမရှိတဲ့နေရာ ပင်လယ်ကမ်းစပ်မှာ ခြေထောက်နှစ်ချောင်းကို ပင်လယ်ရေနဲ့စိုစွတ်အောင်လုပ်ပါ။ ပြီးနောက် ခြေထောက်နှစ်ချောင်းကို ငါးအမြီးကဲ့သို့ ပူးယှက်ထားပါ။ ခန္ဓာကိုယ်တစ်ဝက်ကို ရေနဲ့ထိစေပြီး ကုန်းရေအစပ်မှာ ရေထဲခြေထောက်စင်းရင်းထိုင်နေကာ အောက်ပါမန္တန်ကိုရွတ်ဆိုပေးပါ။
"Mermaid, mermaid water fall
help me become what I wish for
my skin follows my human state
let magic soak in in hipnousis
concoligan desparartoion
let it awaken my blood
a mermaid I shoud
a mermaid girl/boy
I long to be
let this power come to me"
သင်ဟာ ယောက်ျားလေးဆိုရင် boy မိန်းကလေးဆို girl လို့ရွတ်ဆိုရမှာဖြစ်ပါတယ်။ ခြေထောက်နှစ်ချောင်းလုံးဝ ပူးကပ်သွားသည်ထိဆက်တိုက်ရွတ်ဆိုပေးနေရမှာဖြစ်ပြီး ခြေထောက်နှစ်ချောင်းဟာ ပူးကပ်ပြီး ငါးအမြီးအဖြစ် ပြောင်းလဲလာပြီလို့ အာရုံပြုရွတ်ဆိုပေးရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုပြောစရာရှိပါတယ်။ ရေသူမပြောင်းတော့မယ်ဆိုရင် ခြေထောက်နှစ်ချေင်း လုံးဝပူးကပ်သွားစေဖို့အတွက် အနှောင့်အယှက်ဖြစ်စေမယ့် ဘောင်းဘီ၊အပါအဝင် အတွင်းခံဘောင်းဘီတောင် မဝတ်ရပါဘူး။ အရှက်လုံရုံ ဂါဝန်၊ ပုဆိုး စတာတွေကို အတွင်းခံဘောင်းဘီမပါဘဲဝတ်ရင်ကတော့ အဆင်ပြေနိုင်ပါလိမ့်မယ်။
မကြာခင် သင့်ခြေထောက် အမြီးအဖြစ်ပြောင်းလဲ ပူးကပ်သွားပြီဆိုရင်တော့ ရေထဲကိုဆင်းသက်နိုင်ပါပြီ။ လူခြေထောက်ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ ကုန်းပေါ်ပြန်တက်ကာ အမြီးကို ခြောက်သွေ့သည်ထိထားပြီး ခြေထောက်နှစ်ခုပြန်ခွာနေသည် ဟုအာရုံပြုကာ အချိန်ကြာတဲ့အထိနေနေပါက ငါးအမြီးမှ ခြေထောက်ပြန်ပြောင်းနိုင်မှာဖြစ်ပါတယ်။ မန္တန်ရွတ်စ ငါးအမြီးမရောက်ခင် ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းမျိုးများဖြစ်တတ်ပြီးတော့ အလွန့်အလွန်အန္တရာယ်များတဲ့နည်းလမ်းတစ်ခုဖြစ်တာကြောင့် ဤအစီအရင်နှင့်ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမှသာ လုပ်ဆောင်ကြစေလိုပါကြောင်းကိုလည်း တိုက်တွန်းလိုက်ရပါတယ်ဗျာ...။
Sunday, September 6, 2015
ရေသူမအသွင်ပြောင်းနည်း
Labels:
မှော်ပညာ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment