??????ကျွန်​​တော်​တို့ရဲ့​မှော်​ဝင်​ကမ္ဘာဆိုက်​​လေးသို့လာ​ရောက်​လည်​ပတ်​ကြ​သောမိတ်​​ဆွေများအားလုံးကိုယ်​စိတ်​နှစ်​ဖြာ​အေးချမ်းသာယာနိုင်​ပါ​စေ??????

Sunday, September 6, 2015

မီးခိုး​ရောင်​​မှော်​ပညာကျင့်​စဉ်​(၁)

စုန်းကဝေအမျိုးအစားသုံးမျိုးအကြောင်းကို အရင်ပို့စ်တွေမှာပြောပြခဲ့ဖူးပါတယ်။ လူစိတ်ဝင်စားမှုအများဆုံးခံရတဲ့ စုန်းကဝေကတော့ မီးခိုးရောင်စုန်းကဝေပဲဖြစ်ပါတယ်။ မီးခိုးရောင်စုန်းကဝေတွေဟာ ကျွန်တော်တို့ဖြစ်ခွင့်မရှိဘူးလားဆိုပြီးတစ်ချို့မေးလာ
ကြပါတယ်။ မီးခိုးရောင်စုန်းကဝေဖြစ်နိုင်ဖို့ နည်းလမ်းတွေရှိပေမယ့် အပျက်သဘောသက်ရောက်မှုအရမ်းများမှာဖြစ်တဲ့အတွက် ကျွန်တော်ဖော်ပြခြင်းမရှိဘဲထားခဲ့ပေမယ့် ကျွန်တော့်ဆီကိုဖုန်းဆက်၊ အီးမေးလ်ပို့မေးမြန်းတဲ့သူတွေများလာတဲ့အတွက် မီးခိုးရောင်မှော်ပညာကျင့်စဉ်များကို တင်ဖို့ဆုံးဖြတ်လိုက်ရတာပဲဖြစ်ပါတယ်။
          ပထမဆုံးအနေနဲ့မီးခိုးရောင်စုန်းကဝေတစ်ယောက်
ဖြစ်ဖို့ဆိုရင်တော့ မှော်ပညာကိုလက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတဲ့ စုန်းကဝေမျိုးနွယ်စုတစ်စုနဲ့ ဆက်သွယ်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်က မိုင်ယန်လချင်းစုန်းကဝေတွေအကြောင်းကို အဓိကထားလေ့လာတဲ့သူဆိုတော့ မိုင်ယန်လချင်းစုန်းကဝေမျိုးနွယ်နဲ့ဆက်သွယ်ဖို့ နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။
            အဲ့ဒီနည်းကတော့ ပုတီးစိပ်ခြင်းနဲ့ ဆက်သွယ်ခြင်းနည်းပဲဖြစ်ပါတယ်။ အဲ့ဒီနည်းက
တော့ ကိုယ့်စိပ်ပုတီးနဲ့ (ကိုယ်တစ်ယောက်တည်းသီးသန့်သုံးပုတီးဖြစ်ရပါမယ်) "အင်ကန်နာဘီးလိယိတ်" ဂါထာကို ညအိပ်ရာဝင်ခါနီး သုံးပါတ်စီစိပ်သွားပေးဖို့ပါပဲ။ အဲ့လိုပုတီးမစိပ်ခင်မှာ ငါးပါးသီလဆောက်တည်ဖို့လည်းအကြံပြုချင်ပါတယ်။ စုန်းကဝေပြုစားခြင်းမခံရတဲ့အဆောင်ပစ္စည်းလေးပါ လိုချင်တယ်ဆိုရင်တော့ ကျောက်ခဲတစ်ခဲကို ကိုယ်ပုတီးစိပ်တဲ့ရှေ့မှာထားပြီး သွားလေရာကျောက်ခဲလေးကို ကိုယ်နဲ့မကွာဆောင်ထားနိုင်ပါတယ်။ အဲ့ဒီလိုလေ့ကျင့်တဲ့နေ့ကစပြီး ၂၈ရက်တိတိ သက်သက်လွတ်စားရပါမယ်။ အဲ့ဒီပုတီးကိုတော့ ထူးဆန်းတာမတွေ့မချင်းစိပ်ပေးရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုစုန်းကဝေလောကထဲစတင်ဝင်ရောက်ချင်တဲ့သူဟာ ပရလောကဆိုင်ရာထူးဆန်းတဲ့အဖြစ်တွေအတွက် ခံနိုင်ရည်ရှိနေရမှာပဲဖြစ်ပါတယ်။ နှလုံးရောဂါရှိသူများ၊ ကြောက်တတ်သူများ လေ့ကျင့်ခြင်းမပြုကြပါရန်လည်း ကြိုတင်အသိပေးအပ်ပါတယ်။
        စိတ်ထဲမှာ ယုံကြည်စွဲမြဲစွာနဲ့ ဂါထာကိုလည်းတစ်လုံးချင်းပီပီသသရွတ်ဆိုရင် လက်ညှိုးနဲ့လက်မကြားက ပုတီးရဲ့အတွေ့အထိကို အာရုံခံရင်း သေချာစိတ်တည်တည်ငြိမ်ငြိမ်စိပ်ပေးမယ်ဆိုရင် ၂၈ ရက်အတွင်း ထူးဆန်းမှုတွေနဲ့တွေ့ကြုံရမှာဖြစ်ကြောင်း အာမခံလိုက်ရပါတယ်ဗျာ။ ထူးဆန်းမှုတွေတွေ့ရှိပြီးနောက်ပိုင်း ကျင့်စဉ်များကို မကြာမီမှာ ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာ . .။

No comments :

Post a Comment