နတ်ဆိုးဗေဒ (ခ) ဒေ၀တာဗေဒတွင် အေမွန်ဆိုသော အေမွန်နတ်ဒေ၀တာ (Amon) အကြောင်း နတ်ဆိုးသည် ငရဲပြည်၏မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ငရဲပြည်ရဲ့နေရာလေးဆယ်ကို အုပ်ချုပ်စီမံခန့်ခွဲသော ရှေးဟောင်းနတ်ဒေ၀တာ (၇၂)ပါးအနက်မှ နံပါတ်စဉ်(၇)ဖြစ်သည်။ ဒါကို The Lesser Key of Solomon ၏ နံပါတ်(၇)တွင် ကြည့်ရှုနိုင်ပါသည်။ သူရဲ့ ပုံသဏ္ဍာန်ကတော့ မြွေပွေးအမြီးနဲ့ ၀ံပုလွေပုံစံဖြစ်ပြီး ပါးစပ်မှ မီးတောက်များထွက်လျက်ရှိပါသည်။ အထက်ပုဂ္ဂိုလ်များက အမိန့်ပေးစေခိုင်းသည့်အခါ
အေမွန်ဒေ၀တာသည် ခွေးသွားများပါဝင်သော ကျီးကန်းခေါင်းဖြင့်လူပုံစံ ဖန်ဆင်းနိုင်ပြီး လူ့လောကက လာရောက်ပါသည်။ သူက အတိတ် နှင့် အနာဂတ်အကြောင်းအရာများကို ပြောပြနိုင်သူ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အတိတ် နှင့် အနာဂတ်တို့၏မှတ်ဥာဏ်ဟု ခေါ်ဆိုနိုင်ပါသည်။ မိတ်ဆွေ နှင့် ရန်သူအကြား မသင့်မြတ်မှုများကို ပြန်လည်သင့်မြတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးချစ်ခင် မြတ်နိုးရန်အတွက် ပြုလုပ်ပေးနိုင်စွမ်းရှိပါသည်။ အေမွန်ကို အချို့နတ်ဆိုးဗေဒပညာရှင်တွေကတော့ အီဂျစ်နတ်ဘုရား အေမန်ဆိုသည့်နာမည်မှ ဆင်းသက်လာသည် ဆိုကြပါသည်။
The Lesser Key of Solomon ကျမ်းမှာ ဖော်ပြထားသည်မှာ......။
“နံပါတ်(၇)ဖြစ်တဲ့ ဒေ၀တာကတော့ အေမွန်ဖြစ်ပါတယ်။ တန်ခိုးအာဏာမှာတော့ စွမ်းအားပြင်းထန်လှပြီး ခက်ထန်သောပုံစံရှိသည်။ သူ့၏ပုံသဏ္ဍာန်မှာ မြွေပွေးအမြီးနဲ့ ၀ံပုလွေပုံစံဖြစ်ပြီး ပါးစပ်မှ မီးတောက်များထွက်လျက်ရှိပါသည်။ အထက်ပုဂ္ဂိုလ်များက အမိန့်ပေးစေခိုင်းသည့်အခါအေမွန်ဒေ၀တာသည် ခွေးသွားများပါဝင်သော ကျီးကန်းခေါင်းဖြင့်လူပုံစံ ဖန်ဆင်းနိုင်ပါတယ်။ အလွယ်ခေါ်မယ်ဆိုရင် ကျီးခေါင်းလူသားဟု ခေါ်ဆိုနိုင်ပါသည်။ အတိတ်တွင်ဖြစ်ပွားခဲ့သော ကိစ္စအားလုံး နှင့် အနာဂတ်တွင် ဖြစ်လာမည့်အကြောင်းအရာများကို ပြောပြနိုင်သူ ဖြစ်ပါတယ်။ မိတ်ဆွေ နှင့် ရန်သူအကြား မသင့်မြတ်မှုများကို ပြန်လည်သင့်မြတ်စေရန်နှင့် တစ်ဦးနှင့် တစ်ဦးချစ်ခင် မြတ်နိုးရန် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ စစ်တပ်တစ်တပ်တွင် ၀ိညာဉ်တော်ပေါင်း 3000 မှ 6000 အထိပါဝင်တဲ့ ဒေ၀တာစစ်တပ်လေးဆယ်ကို အုပ်ချုပ်ထားပါတယ်။အောက်တွင်ဖော်ပြထားသောပုံကတံဆိပ်ကတော့ အေမွန်ဒေ၀တာနဲ့ ဆက်သွယ်နိုင်သော တံဆိပ်ဖြစ်ပါသည်။”
No comments :
Post a Comment