ကိုယ့်ကိုသာတစ်ယောက်ယောက်က ပြုစားလာခဲ့ရင်
ဘယ်လိုကာကွယ်ရမလဲ၊ ပြုစားမယ့်ရန်သူတွေရှိနေလို့
စိတ်ပူပန်နေတယ်ဆိုတဲ့သူတွေအတွက် ပြုစားခြင်းမှကာကွယ်နိုင်တဲ့ ဂါထာလေးပါ။
ညတိုင်း(၇)ခေါက်ရွတ်ပြီးကာကွယ်န
ိုင်ပါတယ်ဗျာ။
"မဂ္ဂဥာဏ၊ မဟာရောဂံ - မဟာဗောဓိပတံမဟံ- သီရိဃာဏ၊
သဟစာဂံ-ဝန္ဒဗောဓိပတံမဟံ၊ ပသန္နဟံ၊ ပသာဒေန၊ ပရေဟာဓပရသဟံ၊ စက္ကနကံသုစက္ကေန၊
ပရေယမံပရာဝဟံ၊ "
အားလုံးပြုစားခြင်းမှကာကွယ်နိုင်ကြပါစေ။
Saturday, September 26, 2015
ပြုစားခြင်းမှကာကွယ်ခြင်းဂါထာ
စိတ္တအာယုကျမ်းမှတော်ဝင်သက်တော်ရှည်နည်းလမ်းများ
စိတ္တအာယုကျမ်းဆိုတာကို တချို့ရင်းနှီးချင်မှရင်နှီးကြပါလိမ့်မယ်။ စိတ္တအာယုကျမ်းဆိုတာကတော့ အသက်ကိုဆွဲဆန့်လို့ အရိမေတ္တယျဘုရားကိုစောင့်မျှော်နေကြတဲ့ စုန်းကဝေမျိုးနွယ်စုပိုင်ကျမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့သူတို့ ဘယ်လိုအသက်ရှည်အောင် လုပ်ကြသလဲဆိုတာ သူတို့ရဲ့ကျမ်းထဲကစာတွေကိုလေ့လာကြည့်လိုက်ကြရအောင်လားဗျာ . .။
ကျမ်းတစ်ကျမ်းလုံးကိုတင်ဖို့အဆင်မပြေတဲ့အတွက် အဓိကဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျာ . . .။
(၁) မြန်ဆန်စွာလုပ်ဆောင်ပါ။ မြန်ဆန်စွာလုပ်ဆောင်ခြင်းသည် အိုမင်းရင့်ရော်မှုကိုကျဆင်းစေနိုင်ပြီး ဆက်စပ်ယှက်နွယ်မှုနိယာမအရ အလျင်သည်အချိန်နှင့်တိုက်ရိုက်အချိုးကျပါသောကြောင့် မြန်ဆန်စွာလုပ်ဆောင်ခြင်းသည် အိုမင်းရင့်ရော်မှုကိုလျော့နည်းစေပါသည်။
(၂) နေရောင်ထဲတွင် မြန်မာ့စံတော်ချိန် နံနက်(၃)နာရီမှ(၆)နာရီထိသာ နေရောင်ခြည်လှုံရန်အသင့်တော်ဆုံးဖြစ်ပါသည်။ ကျန်အချိန်များ အသားအရေကို နေရောင်နှင့်မထိသင့်ပါ။
(မှတ်ချက်။ ။ မြန်မာစံတော်ချိန်သည် စက်နာရီ နံနက်ငါးနာရီမှစတင်ပြီး မြန်မာ့နာရီသည် တစ်နာရီလျင် စက်နာရီ(၂၄)မိနစ်သာရှိပါသည်။ ဆိုလိုသည်မှာ နံနက်(၆)နာရီမှ(၇)နာရီအတွင်းကိုဆိုလိုပါသည်။
(၃) ခံစားမှုကိုလုံးဝပျောက်ကွယ်သွားအောင်ကြိုးစားပါ။ ခံစားချက်တို့အနည်းအများသည်လည်း မိမိ၏ သက်တမ်းအတိုအရှည်အပေါ်တွင် သွယ်ဝိုက်တိုက်ဆိုင်နေသည်။
(၄) တရားရှုမှတ်ခြင်းများကိုနေ့စဉ်ပြုလုပ်ပေးပါ။ တစ်ရက်လျင်အနည်းဆုံးမိနစ်(၃ဝ)ခန့်ပုံမှန်ပြုလုပ်ပေးရပါမည်။
(၅) လိင်ကိစ္စများကိုတတ်နိုင်လျင်ရှောင်နိုင်သလောက်ရှောင်ကျဉ်ပါ။ လုံးဝမလုပ်ခိုင်းခြင်းမျိုးမဟုတ်ဘဲ ရှောင်နိုင်သလောက်ရှောင်ကျဉ်ရပါမည်။
(၆) သင်သည် မှော်ပညာလိုက်စားသူတစ်ဦးဖြစ်ပါက "အင်ကန်နာဘီးလိယိတ်" ဂါထာဖြင့် ညအိပ်ကာနီးတိုင်း ပုတီးသုံးပတ်စိပ်ပေးပါ။
(၇) အားလုံးအပေါ်တွင် အကောင်းမြင်စိတ်ရှိပေးပါ။ မိမိဘက်ကိုလုံးဝထိခိုက်မှုမရှိသောတိုက်ခိုက်မှုမှန်သမျှကို သည်းခံပေးပါ။ အင်ကန်နာဘီးလိယိတ် မန္တန်က အလိုလိုအစွမ်းပြပါလိမ့်မည်။
(၈) ငါးပါးသီလကိုတတ်နိုင်သလောက်စောင့်ထိန်းပါ။ အထူးသဖြင့် သူရာမေရယ၊ ကာမေသု၊နှင့် ပါဏာတိပါတာကို အတတ်နိုင်ဆုံးစောင့်ထိန်းပါ။
(၉) ရသာခြောက်ပါးကိုချင့်ချိန်စားသုံးပါ။ အစာစားရာတွင် မိမိစားသောအစားအစာအတွက် ဆင်ခြင်စားသုံးပါ။
ပထမပိုင်းလေးကိုတော့ ဒီနေရာမှာပဲရပ်လိုက်ပါရစေဗျာ။ ရှေးတုန်းကစာမို့ လက်ရှိခေတ်အမြင်နဲ့ မသင့်တော်တာလေးတွေတွေ့ရင်လည်း နားလည်ပေးကြပါလို့။ သုတရစေဖို့သာရည်ရွယ်ပါတယ်ဗျာ. ဒုတိယပိုင်းမှာတော့ မှော်နည်းလမ်းတွေနဲ့ အသက်ရှည်အောင်ကျင့်ကြံနည်းတွေကိုဖော်ပြပေးမှာမို့ ဆက်လက်အားပေးဖတ်ရှုကြပါဦးလို့။
အစွမ်းထက်ဂါထာတော်များ
"နမော တေ ဗုဒ္ဓ ဝိရတ္ထု၊ ဝိပ္ပမုတ္ထောသိ သဗ္ဗဓိ၊
သမ္ဗာဓ ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘဝ။"
(ယောနယ်မှ မင်းလှမြို့သို့ ကုန်ရောင်းချရန်လာသောလှည်းတစ်စီးကို ဓားပြလူဆိုးတို့က တိုက်ခိုက်ကြရာ မိန်းမတစ်ယောက်သည် ထိုဂါထာတော်ကိုမြတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သည့်အတွက် ဓားပြများက ထိုမိန်းမကိုမမြင်ကြဘဲ ထွက်သွားကြသည်၊ ထိုမိန်းမနှင့်ဓားပြများသည် ရှစ်တောင်ခန့်မျှသာကွာဝေးသည်)
"၁။ နာညတြ ဗောဇ္ဈတပသာ၊ နာညတြိန္ဒြိယ သံဝရာ၊
နာညတြ သဗ္ဗနိဿဂ`၈ါ သောတ္ထိံ ပဿာမိပါဏိနံ။
၂။ ဘဝေဝါဟံ ဘယံဒိသွာ၊ ဘဝဉ္စဝိဘဝေသိနံ၊
ဘဝံနာဝိဝတိံ ကိဉ္စိ၊ နန္ဒိစ နဥပါဒိယိံ။
(ဤဂါထာတို့ကို အမြဲအသုံးပြုတော်မူသော ဆရာတော်ဦးဓမ္မစာရီအရှင်မြတ်သည် တစ်ပါးတည်း တောတွင် အမြဲနေတော်မူလေ့ရှိ၏ ။ ဆင်၊ကျားစသော သားရဲတို့သည် အပါးသို့လာ၍နေ၏ ။ တစ္ဆေ၊မြေဘုတ်တို့သည်လည်းတရားတော်ကို လာ၍နာကြ၏ ။ ဆရာတော်ဘုရားကနှင်လျင် ချက်ချင်းပြန်သွားကြကုန်၏ ။)
၁။ ဧကစိတ္တံ ဝိစိန္တေတွာ၊ ဧကဓမ္မံ သုနိဿတိ၊
ဧကတော ဧသမော လောကေ ၊ ဧကရာဇာတိ ပါကဋော။
၂။ ဧသတိ သမ္မာသမ္ဗုဒ္ဓါ၊ ဧသတိဓမ္မမုတ္တမံ။
ဧသတိ မဂ္ဂယှ၊ ဧသတိ ပနတေနမော။
(ဤဂါထာတော်ကြီးကို ဗားမဲ့ဆရာတော်ဘုရားကြီး၏ တပည့်အဆက်ဆက်သုံးစွဲတော်မူကြ၏ ။ ဘေးရန်အလွန်ကင်းသောဂါထာဖြစ်သည်။ မြန်မာနိုင်ငံတော်အထက်ပိုင်းကို အင်္ဂလိပ်မင်းတို့စိုးစံစ ၁၂၄၈ခုနှစ်လောက်က အလုံမြို့နယ် တောရကျောင်းတွင်နေသော ဘုန်းတော်ကြီးတစ်ပါးသည် ၄င်းဂါထာတော်ကြီးကို မပြတ်ရွတ်ဖတ်တော်မူ၏ ။ တစ်နေ့တွင် လူဆိုး သူဆိုးတို့သည် ထိုဘုန်းတော်ကြီးကျောင်းတွင် ရပ်ရွာရှိလူများ၏ ပစ္စည်းဥစ္စာများကို အပ်နှံထားကြောင်းသတင်းရ၍ ညအခါလာရောက်ရှာဖွေကြရာ တစ်ညလုံးထိုကျောင်းကိုရှာမတွေ့သဖြင့် အရုဏ်တက်သောအခါမှ ဘုန်းတော်ကြီး၏ဘုရားရှိခိုးသံကို ကြားရသောအခါ ဗိုလ်လုပ်သူက ငယ်သားများကိုပြန်လွတ်ပြီးလျင် ဘုန်းတော်ကြီးထံဝင်ရောက်၍ အကြောင်းအကျိုးကို လျှောက်ထားရာ ဘုန်းတော်ကြီးက "ငါ့မှာတစ်စုံတစ်ရာအကာအကွယ်ဆေးဝါးစသည်မရှိ ဤဂါထာတော်ကိုသာ အားကိုးယုံကြည်၍ နေ့စဉ်ရွတ်တတ်ကြောင်း" ကိုပြန်ပြောတော်မူ၏ ။ )
အခုဖတ်လိုက်ကြရတာကတော့ မဟာသိဒ္ဓိကျမ်းရင်းကြီးမှာပါတဲ့ အစွမ်းထက်ဂါထာအချို့ပါ။
နောက်ထပ်အခြားကျမ်းတွေထဲက အစွမ်းထက်ဂါထာတော်တွေကို ကော်နှုတ်ဖော်ပြပေးသွားမှာမို့လို့ ဆက်လက်အားပေးကြပါဦးလို့ . . . . .။
လွတ်မြောက်ခြင်းမန္တန်
ပြုစားခြင်းဒဏ်၊ မှော်ပညာဆိုင်ရာ ဒုက္ခများမှ ကင်းဝေးလိုပါက အောက်ပါမန္တန်ကိုအသုံးပြုနိုင်ပါသည်။
သံသာရ စက္က ၀ိဓ္ဓံသံ
သံသုဒ္ဒမဿ သြရသံ
သံစိန္နကံ ဘဝေအာသံ
သံဃံ အပ္ပိ သုမာန သံ
အနက် - မကောင်းသော ဘေး မကောင်းသောရန် မကောင်းသောဂြိုဟ်စီးဂြိုဟ်နင်း မကောင်းသော အတတ်ပညာတို့ဖြင့် ရန်ပြု ပြုစား နှောက်ယှက်ခြင်း ခံရသော် ရတနာမြတ်သုံးပါးတို့၏ အာနုဘော်ကြောင့် ကင်းစင်လွတ်မြောက်ရပါလို၏....
အားလုံးဘေးရန်အပေါင်းမှကင်းဝေးနိုင်ကြပါစေ။
Saturday, September 19, 2015
ယာဉ်တိုက်မှုများဖြစ်ပွားနေသောနေရာများအတွက် အစီအရင်
လက်ရှိမြန်မာနိုင်ငံနေရာအတော်များများမှာ ယဉ်တိုက်မှုများဖြစ်ပွားနေတာကို မြင်နေ၊ ကြားနေကြရပါတယ် ...။ ဒါကြောင့်မို့ ယာဉ်တိုက်မှုများဖြစ်ပွားမှု အဖြစ်များတဲ့နေရာမှာ ဖြစ်ပွားမှုမရှိတော့စေဖို့ ဒီနည်းလမ်းလေးကို စမ်းကြည့်ကြဖို့ မျှော်လင့်ပါတယ်။
နေရာတစ်ခုမှာ ယာဉ်တိုက်မှုတွေ အရမ်းဖြစ်ပွားနေပြီဆိုရင်တော့ ယာဉ်တိုက်မှုဖြစ်ပွားစဉ်က ကျကျန်ခဲ့တဲ့ ယာဉ်ရဲ့အစိတ်အပိုင်းလေးတစ်ခုကိုယူလိုက်ပါ။ ပြီးရင် အဲ့ဒီနားအနီးဆုံးမှာရှိတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အပေါ်မှာတင်ထားလိုက်ကာ -
"ကဲ .... မင်းတို့ဖြစ်ချင်တာတွေဖြစ်ပြီးပြီနော် .... မင်းနဲ့ဒီလမ်းနဲ့မဆိုင်တော့ဘူး ..."
ဟုဆိုကာ နောက်ကိုလှည့်မကြည့်ဘဲပြန်လာခဲ့ပါ ....။
ယာဉ်တိုက်မှုဖြစ်မပွားအောင်အစီအရင်တစ်ခုပြောပြီးနောက်မှာ လူတွေ ကိုယ့်ကိုယ်ကို လုပ်မိမှန်းမထင်မိအောင်လုပ်မိနေတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါဟာ ယာဉ်မောင်းရင်း ကွမ်းတံတွေးထွေးတာပါပဲ ။ ဒီလိုလုပ်တာဟာ မကောင်းတဲ့အကျင့်တစ်ခုဖြစ်မှန်းသိပေမယ့် အတော်များများကတော့ ဒီလိုလုပ်နေကြတာပါပဲ။
ကွမ်းထွေးလို့ လမ်းညစ်ညမ်းသွားတာကို အသာထား အခုကျွန်တော်ပြောမယ့်အကြောင်းကတော့ ရှေးမြန်မာလူကြီးများသုံးကြတဲ့ လှည်းတိုက်၊ ယာဉ်တိုက် အစီအရင်ပဲဖြစ်ပါတယ်။ ဒီလိုအစီအရင်မျိုးမှာ နက္ခတ်တစ်ခုကျနေတဲ့အချိန်မှာ လှည်းတိုက်မှု၊ ယာဉ်တိုက်မှုဖြစ်လိုတဲ့နေရာရဲ့ လမ်းလေးခွဆုံမှာ ကွမ်းတံတွေးထွေးပြီးစီရင်ရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်က လမ်းဘေးမှာ မသိလိုက်ဘဲ ကွမ်းတံတွေးထွေးလိုက်မိပေမယ့် နက္ခတ်၊ အကျိုး၊ အကြောင်းဆီလျော်သွားမယ်ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးတရားတွေဟာ မတွေးဝံ့စရာပင်ဖြစ်ပါကြောင်း ...။
စုန်းမ မပြုစားနိုင်သောမှော်ဆေးရည်ဖော်စပ်ခြင်းနည်း
ဒီနည်းဟာအနောက်တိုင်းမှော်လောကမှာ ဟိုရှေးအခါကတည်းက အစဉ်အဆက် အသုံးပြုခဲ့တဲ့ ရိုးရာနည်းလမ်းဖြစ်ပြီးတော့ မိမိပတ်ဝန်းကျင်က တစ်စုံတယောက်က စုန်းလို့ခန့်မှန်းရရင် မိမိကို လာမပြုစားနိုင်အောင် ကာကွယ်နိုင်တဲ့ရှေးဟောင်း မှော်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ဒီအစီအရင်ကိုလုပ်ဖို့အတွက် ပထမဆုံး ပုလင်းတစ်လုံးထဲမှာ သရဲခြောက်ခံရဖူးသူ အပေါ့သွားထားတဲ့ကျင်ငယ် ရည်ကို ကြိုတင်ထည့်ထားလိုက်ပါ။ ညအချိန်တစ်အိမ်လုံးမှာ မိမိတစ်ယောက်တည်းနေကာ အပြင်မှတံခါးများကို အကုန်ပိတ်ထားလိုက်ပါ။
ပြီးနောက်မှာတော့ သင့်ရဲ့လက်သည်းနဲ့ သင့်ကိုပြုစားနိုင်မယ့် စုန်းမရဲ့ဆံပင်ကို အပ်တစ်ချောင်းနဲ့ တွဲချိတ်ပြီး ကျင်ငယ်ရည်ပုလင်းထဲကိုထည့်ကာ ဆီးပုလင်းကိုမီးဖိုပေါ်တင်လိုက်ပါ။ အထူးသတိထားရမှာကတော့ မှော်ဆေးရည်ကြိုနေချိန်အတွင်းမှာ အလုံပိတ်ထားတဲ့ အိမ်အတွင်း ဘယ်သူမှမလာမိအောင် သတိထားရမှာဖြစ်ပြီး အကယ်၍ တစ်စုံတစ်ယောက်ဝင်လာပါပ ဝင်လာသောသူမှာ အပြင်းအထန်ဖျားနာခြင်းမှစ၍ သေသည်အထိဖြစ်နိုင်ကြောင်းလည်း အသိပေးလိုက်ရပါတယ်။ ဆီးပုလင်းပွက်ပွက်ဆူပြီးနောက်မှာတော့ ပုလင်းကိုချကာ မိမိအနီးအနားတစ်ဝိုက်က ဘယ်သူမှ ပြန်လာမတူးနိုင်မယ့်နေရာမှာ မြှုပ်နှံထားလိုက်ပါ။
ဒီမှော်ဆေးရည်ကို ပြုလုပ်စီရင်ခြင်းအားဖြင့် သင့်ကိုပြုစားနိုင်သောစုန်းမဟာ သင့်ကို ပြုစားလို့မရနိုင်ဘဲ သင့်ကိုပြုစားလေ အားနည်းလေဖြစ်မည်ဖြစ်ကြောင်းနှင့် အနောက်တိုင်းမှာ ရိုးရာအစဉ်အဆက်သုံးခဲ့သော နည်းလမ်းဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
Saturday, September 12, 2015
Ouroboros သင်္ကေတ
Ouroboros ဆိုတာဟာ နဂါးတစ်ကောင်သူ့အမြီးကိုသူပြန်စားနေတဲ့ပုံကိုသရုပ်ဖော်ထားတဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ဂရိဘာသာစကား Ouro (အမြီး) နဲ့ Boros (စားသောက်ဝါးမျိုခြင်း) ဆိုတဲ့စကားလုံးတွေကနေတစ်ဆင့် ဆင်းသက်လာကြတာပဲဖြစ်ပါတယ်။
ဒီသင်္ကေတဟာ စဉ်ဆက်မပြတ်မွေးဖွားလာနေသောဘဝ(ဘဝသံသရာ)နဲ့ အဆုံးမရှိခြင်းကို ကိုယ်စားပြုကာ တမလွန်ဘဝ (သေလွန်ပြီးနောက်ဘဝသို့ရောက်ခြင်း)ဆိုသောအယူဝါဒများပါဝင်နေကာ ဖီးနစ်ငှက်သည် သေဆုံးပြီးပြန်လည်မွေးဖွားရှင်သန်လာသကဲ့သို့ ပြန်လည်မွေးဖွားခြင်းများ စဉ်ဆက်မပြတ်ဖြစ်နေသောသံသရာလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါသေးတယ်။
လက်ရှိသင်္ချာဂဏန်းဗေဒများမှာသုံးတဲ့ infinity သင်္ကေတဟာလည်း ခေတ်ကာလရေစီးကြောင်းအရ Ouroboros သင်္ကေတမှပဲ တစ်ဆင့်ပြောင်းလဲ သန္ဓေတည်လာခဲ့တာပဲဖြစ်ပါတယ်။
ဒီသင်္ကေတဟာ ကိုးကွယ်ရာဘာသာတရားအချို့နဲ့ ဂမ္ဘီရသင်္ကေတလေ့လာသူများအတွက် အရေးကြီးတဲ့သင်္ကေတတစ်ခုဖြစ်ပြီး အဂ္ဂိရတ်ပြုလုပ်ခြင်းဆိုင်ရာများမှာ အများဆုံးအသုံးပြုကြပါတယ်။
ဒီသင်္ကေတဟာအနောက်တိုင်းမှာသာတွေ့ရတာမဟုတ်ဘဲ တရုတ်၊ ဂျပန်၊ အနောက်အာဖရိကစတဲ့နိုင်ငံများမှာပုံစံအမျိုးမျိုးနဲ့တွေ့ရပြီး Ouroboros သင်္ကေတကို တဲရော့ကတ် အမှတ်(၁) The Magician ကတ်မှာလည်းမှော်ဆရာရဲ့ ခေါင်းပေါ်မှာတွေ့ရပါတယ်။
Ouroboros သင်္ကေတဟာ ဘာသာပေါင်းများစွာ၊ နယ်ပယ်ပေါင်းများစွာနဲ့ နေရာအနှံ့မှာ အယူအဆပေါင်းများစွာနဲ့အသုံးပြုနေကြပြီး နိုင်ငံအလိုက်သင်္ကေတအယူအဆများကိုဖော်ပြရမယ်ဆိုရင် စာအုပ်အထူကြီးတစ်အုပ်ရလာမတတ်ပါပဲ။
ဒါကြောင့်မို့ ဒီသင်္ကေတအကြောင်းကို သဘောတရားအခြေခံလောက်ပဲဖော်ပြပေးလိုက်ပါတယ်။
အစားအသောက်မှော်နည်းလမ်း
ပထမဆုံးအနေနဲ့ ဖော်ပြပေးဖို့စီစဉ်ထားတာကတော့ အားလုံးသိကြတဲ့ Coca Cola အချိုရည်ပဲဖြစ်ပါတယ်။ ဒီတော့ Coca Cola ကိုဘယ်လိုအစီအရင်အတွက်သုံးရမလဲ ..။ ကိုယ့်မှာ မွန်းကြပ်မှုတွေ၊ အခက်အခဲတွေများစွာရှိနေတယ်ဆိုပါစို့။ ဒါဆိုရင် Coca Cola တစ်ဘူးပြေးဝယ်လိုက်ပါ။ ပြေးဝယ်ပြီးနောက်မှာ Coca Cola ဘူးကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ အရှိန်ပြင်းပြင်းလှုပ်ပေးပါ။ လှုပ်ပေးနေချိန်မှာလည်း -
"ငါက ဒီလိုဖြစ်ချင်တာမဖြစ်ရဘူး ..... ဟိုလိုပဲဖြစ်နေတယ် ... ငါဒီလိုဖြစ်ချင်တယ် ..ငါဒီလိုဖြစ်ချင်တယ် ..ငါဒီလိုဖြစ်ချင်တယ်"
လို့ရွတ်ဆိုကာဘူးအဖုံးကိုရုတ်တရက်ဖွင့်လိုက်ပါ။ အမြှပ်များရှူးခနဲထွက်လာတာနဲ့အတူ သင့်ရဲ့ စိတ်သောကတွေ၊ မွန်းကြပ်မှုတွေလည်း ပျောက်ကွယ်သွားမှာဖြစ်ပြီး ဘူးထဲမှာကျန်ရှိနေတဲ့ Coca Cola ကို အကုန်သောက်ချလိုက်ပါ။ သင့်ရဲ့မွန်းကြပ်မှုတွေပျေပြောက်သွားပြီးနောက် သင်ဟာနေသာထိုင်သာရှိသွားပါလိမ့်မယ်။
(မှတ်ချက် - ရွတ်ဆိုသည့်နေရာတွင် ဒီလို၊ ဟိုလို ဟူသောနေရာများတွင် မိမိနှင့်သင့်တော်သော စကားလုံးကို ပြောင်းလဲအသုံးပြုပါရန်)
Friday, September 11, 2015
Thursday, September 10, 2015
အေမွန်နတ်ဒေ၀တာ (Amon) အကြောင်း
နတ်ဆိုးဗေဒ (ခ) ဒေ၀တာဗေဒတွင် အေမွန်ဆိုသော အေမွန်နတ်ဒေ၀တာ (Amon) အကြောင်း နတ်ဆိုးသည် ငရဲပြည်၏မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ငရဲပြည်ရဲ့နေရာလေးဆယ်ကို အုပ်ချုပ်စီမံခန့်ခွဲသော ရှေးဟောင်းနတ်ဒေ၀တာ (၇၂)ပါးအနက်မှ နံပါတ်စဉ်(၇)ဖြစ်သည်။ ဒါကို The Lesser Key of Solomon ၏ နံပါတ်(၇)တွင် ကြည့်ရှုနိုင်ပါသည်။ သူရဲ့ ပုံသဏ္ဍာန်ကတော့ မြွေပွေးအမြီးနဲ့ ၀ံပုလွေပုံစံဖြစ်ပြီး ပါးစပ်မှ မီးတောက်များထွက်လျက်ရှိပါသည်။ အထက်ပုဂ္ဂိုလ်များက အမိန့်ပေးစေခိုင်းသည့်အခါ
အေမွန်ဒေ၀တာသည် ခွေးသွားများပါဝင်သော ကျီးကန်းခေါင်းဖြင့်လူပုံစံ ဖန်ဆင်းနိုင်ပြီး လူ့လောကက လာရောက်ပါသည်။ သူက အတိတ် နှင့် အနာဂတ်အကြောင်းအရာများကို ပြောပြနိုင်သူ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အတိတ် နှင့် အနာဂတ်တို့၏မှတ်ဥာဏ်ဟု ခေါ်ဆိုနိုင်ပါသည်။ မိတ်ဆွေ နှင့် ရန်သူအကြား မသင့်မြတ်မှုများကို ပြန်လည်သင့်မြတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးချစ်ခင် မြတ်နိုးရန်အတွက် ပြုလုပ်ပေးနိုင်စွမ်းရှိပါသည်။ အေမွန်ကို အချို့နတ်ဆိုးဗေဒပညာရှင်တွေကတော့ အီဂျစ်နတ်ဘုရား အေမန်ဆိုသည့်နာမည်မှ ဆင်းသက်လာသည် ဆိုကြပါသည်။
The Lesser Key of Solomon ကျမ်းမှာ ဖော်ပြထားသည်မှာ......။
“နံပါတ်(၇)ဖြစ်တဲ့ ဒေ၀တာကတော့ အေမွန်ဖြစ်ပါတယ်။ တန်ခိုးအာဏာမှာတော့ စွမ်းအားပြင်းထန်လှပြီး ခက်ထန်သောပုံစံရှိသည်။ သူ့၏ပုံသဏ္ဍာန်မှာ မြွေပွေးအမြီးနဲ့ ၀ံပုလွေပုံစံဖြစ်ပြီး ပါးစပ်မှ မီးတောက်များထွက်လျက်ရှိပါသည်။ အထက်ပုဂ္ဂိုလ်များက အမိန့်ပေးစေခိုင်းသည့်အခါအေမွန်ဒေ၀တာသည် ခွေးသွားများပါဝင်သော ကျီးကန်းခေါင်းဖြင့်လူပုံစံ ဖန်ဆင်းနိုင်ပါတယ်။ အလွယ်ခေါ်မယ်ဆိုရင် ကျီးခေါင်းလူသားဟု ခေါ်ဆိုနိုင်ပါသည်။ အတိတ်တွင်ဖြစ်ပွားခဲ့သော ကိစ္စအားလုံး နှင့် အနာဂတ်တွင် ဖြစ်လာမည့်အကြောင်းအရာများကို ပြောပြနိုင်သူ ဖြစ်ပါတယ်။ မိတ်ဆွေ နှင့် ရန်သူအကြား မသင့်မြတ်မှုများကို ပြန်လည်သင့်မြတ်စေရန်နှင့် တစ်ဦးနှင့် တစ်ဦးချစ်ခင် မြတ်နိုးရန် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ စစ်တပ်တစ်တပ်တွင် ၀ိညာဉ်တော်ပေါင်း 3000 မှ 6000 အထိပါဝင်တဲ့ ဒေ၀တာစစ်တပ်လေးဆယ်ကို အုပ်ချုပ်ထားပါတယ်။အောက်တွင်ဖော်ပြထားသောပုံကတံဆိပ်ကတော့ အေမွန်ဒေ၀တာနဲ့ ဆက်သွယ်နိုင်သော တံဆိပ်ဖြစ်ပါသည်။”
ရှန်တီမှော်ကျောင်း(၁) - မိုးရွာခြင်းနှင့်မိုးတိတ်အောင်လုပ်ဆောင်ခြင်း
ချစ်လှစွာသော မိတ်ဆွေများအတွက် လက်တွေ့အသုံးချ၍ ရနိုင်သည့်
ဂမ္ဘီရပညာများကို မျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ ဂါထာများ၊
မန္တန်များ၊ အင်း၊ အိုင်၊ လက်ဖွဲ့၊ ခလှဲ့၊ အဆောင် စသည်တို့ကို
ကြားဖူးကြမှာ မြင်ဖူးကြမှာ ဖြစ်ပေမယ့် ချက်ခြင်းလက်ငင်းကြီး
ကောက်ကာငင်ကာကြီး အစွမ်းပြတာမျိုးတွေ ထူးထူးဆန်းဆန်းဖြစ်တာမျိုးတွေ
မြင်ဖူးချင်မှ မြင်ဖူးမှာပါ။ စိတ်ဝင်စားသူများလည်း ရှိကြပါလိမ့်မယ်။
စိတ်မ၀င်စားပါဘူးကွာ အလကားဟာတွေပါလို့ ဆိုချင်သူတွေလည်း ရှိကြပါမည်။ ဘာပဲ
ဖြစ်ဖြစ် ရှန်တီ့အနေဖြင့်တော့ သိထားသမျှကို တင်ပြပေးခြင်းသာ ဖြစ်ပါသည်။
ယုံသည် မယုံသည် လက်တွေ့လုပ်သည် မလုပ်သည်ကတော့ မိတ်ဆွေတို့
သဘောသာဖြစ်ပါကြောင်း…..
မိုးခေါ်ခြင်း
အိမ်ပြင်ထွက်ပါ။ ကောင်းကင်ကို မော့ကြည့်ပါ။ တိမ်များကို ကြည့်၍
အောက်ပါအတိုင်း ကျယ်လောင်စွာအော်ပါ။
"Ancient Gods and Goddesses,
I invoke thee.
Waters from the sky,
Let it be."
"I command thee now,
to thee all.
Listen to my desire,
Rain fall!"
အင်္ဂလိပ်လို အော်ရမှာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန်လိုက်လို့ မရပါ။
မြန်မာတစ်ယောက်က အင်္ဂလိပ်လို လုပ်တာ အစွမ်းပြပါ့မလားလို့
မယုံသင်္ကာမရှိပါနှင့်။ ဘယ်သူမဆို လုပ်၍ ရပါသည်။
ကိုယ်တိုင်စမ်းသပ်ကြည့်ပြီးပါပြီ။ ၂၈.၅.၂၀၁၁ စနေနေ့။ မန္တလေးတွင်
မိုးရွာခဲ့ပါသည်။ မိုးတွင်းမို့ မိုးရွာတာကွာ ဘာဆန်းလို့လဲ ဟု
ပြောချင်လည်း ပြောပါ။ ရှန်တီကတော့ အရူးထစွာပင် ယုံပါသည်။
အဘယ့်ကြောင့်ဆိုသော် မိုးရွာအောင် လုပ်ပြီး ညပိုင်းတွင်
မိုးတိတ်အောင်လည်း ပြန်လုပ်လိုက်နိုင်သောကြောင့် ဖြစ်ပါသည်။
မိုးတိတ်စေခြင်း
"Gods of power, Gods of might,
I bid you now, stop this plight,
Stop the rain, we need no more,
Let it fall, nevermore.
အထက်ပါ စာများကို ကျယ်လောင်စွာ အော်ဟစ်ရွတ်ဆိုရပါမည်။ မိုးတိတ်စေရန်
စိတ်ဆန္ဒ ပြင်းပြစွာဖြင့် ရွတ်ဆိုရပါမည်။
မိုးနှင့် နွားသိုး အစိုးမရပါ။ ရာသီဥတု အပေါ်တွင်လည်း လူသာမာန်တစ်ယောက်က
တန်ခိုးအာဏာဖြင့် ထိန်းချုပ်၍ မရပါ။ ရှန်တီ ကိုယ်တိုင်
စမ်းသပ်ကြည့်ပြီးပါပြီ။ သို့သော် ဒါသည် တိုက်ဆိုင်မှုလည်း
ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မိုးရွာဖို့ အော်တုန်းကလည်း မိုးတကယ်
ရွာခဲ့ပြီ။ မိုးတိတ်ဖို့ အော်တော့လည်း မိုးတကယ် တိတ်ခဲ့ပြီ။
တိုက်ဆိုင်သည်လား။ တကယ် စွမ်းသည်လား။ တစ်ခေါက်လုပ်၍ အောင်မြင်သွားလျှင်
ခဏခဏ မစမ်းသပ်ဖို့ လိုပါသည်။ တကယ် အသုံးလိုမှသာ အသုံးပြုရန်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ဤဂါထာများတွင် ပါဝင်နေသည့် နတ်ဘုရားများ
တကယ်ရှိမရှိလည်း မသိနိုင်ပါ။ တကယ် မရှိလျှင် ကိစ္စ မရှိ။ တကယ်ရှိသည်
ဆိုပါက အခုပဲ မိုးရွာခိုင်းလိုက် အခုပဲ မိုးတိတ်ခိုင်းလိုက် လုပ်နေရင်
စိတ်ဆိုးကုန်မှာ စိုးသောကြောင့်ဖြစ်သည်။